လောက်ကိုင်မြို့နယ်အတွင်း ကျပ်သိန်း ၂၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ
နေပြည်တော် ဧပြီ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည် မတ် ၃၁ ရက် ည ၈ နာရီခန့်တွင် လောက်ကိုင်မြို့၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ လောက်ချန်ထန်ကျေးရွာ(ရွာပျက်)သို့ ရောက်ရှိရှင်းလင်းခဲ့ရာ အိမ်တစ်အိမ်၏ မီးဖိုချောင် မြေကျင်းအတွင်းမှ ဆာလာအိတ်ဖြင့်ထုပ်ထားသော WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၄၀၀၀ ပြား၊ ဘိန်းဖြူ ဘလောက်တုံးငါးတုံး(၂ ကီလိုခန့်)၊ ဆပ်ပြာခွက်အတွင်းထည့်ထားသော ဘိန်းဖြူမှုန့် ၄၈ ထုပ်နှင့် စိတ်ကြွရူးသွပ်ဆေးပန်းရောင်အမှုန့် (၃၅ ကျပ်သားခန့်)၊ (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၂၃၀၀ ကျော်)တို့အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။
အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား လောက်ကိုင်မြို့ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ပြီးဖြစ်ကြောင်းသတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment