Latest News

Friday, April 7, 2017

ဆန်အိတ်များ တင်ဆောင်လာသည့် အရှိန်လွန်ထော်လာဂျီယာဉ် တိမ်းမှောက်မှုဖြစ်ပွား


ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ကညင်သုံးဆင့်ကျေးရွာအနီးတွင် ဧပြီ ၆ ရက်နေ့ ၁၈း၂၀ နာရီအချန်ခန့်တွင် ဆန်အိတ်များတင်ဆောင်လာသည့် ထော်လာဂျီယာဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

အမှုမှာ ဧပြီ ၆ ရက်နေ့ ညနေ ၁၈း၂၀ နာရီအချိန်ခန့်က ရန်ကုန်-ပုသိမ်ကားလမ်း၊မိုင်တိုင်အမှတ် ၆၅/၇ နှင့် ၆၆/၀ ကြား၊ကညင်သုံးဆင့်ကျေးရွာအနီိးတွင် အင်းမဘက်မှ ကျောင်းကုန်းဘက်သို့ ဝေဠု (၁၉)နှစ် မောင်းနှင်ပြီး နောက်တွင် ဇော်နိုင်(၃၃)နှစ် နှင့် သန်းဇော်ထက်(၁၈)နှစ် တို့လိုက်ပါစီးနင်းလာသည့် နံပါတ်မပါ(လယ်ယာသုံး)အပြာရောင်ထော်လာဂျီယာဉ်သည် ဆန်အိတ်များတင်ဆောင်ပြီး၊၄င်းယာဉ်ကြောအတိုင်း မောင်းနှင်လာစဉ် အရှိန်မထိန်နိုင်ဘဲ လမ်း၏ဝဲဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်သွားကာ ယာဉ်မောင်း ဝေဠု နှင့် ဇော်နိုင်တို့တွင် မစိုးရိမ်ရသည့်ဒဏ်ရာများရရှိသွားပြီး၊ သန်းဇော်ထက်တွင် စိုးရိမ်ရသည့်ဒဏ်ရာများ ရရှိသွားသည်။

အဆိုပါအမှုအား ဒုရဲအုပ်ထက်ဝေဦးမှ တရားလိုပြုလုပ်၍ ယာဉ်မဆင်မခြင်မောင်းနှင်ခြင်းဖြင့် လူကိုထိခိုက်နာကျင်စေသူ ထော်လာဂျီယာဉ်မောင်း ဝေဠု အား ကျောင်းကုန်းမြို့မရဲစခန်းတွင် ယာဉ်(ပ)၂၁/၂၀၁၇၊ရာဇသတ်ကြီိးပုဒ်မ ၃၃၈/၃၃၇/၂၇၉ တို့ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment