Latest News

Sunday, April 2, 2017

၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲရလဒ်များ ကြေညာ

၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲရလဒ်များ ကြေညာ


နေပြည်တော် ဧပြီ ၂

၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက် ပွဲရလဒ်များကို နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးက ယနေ့နံနက် ၉ နာရီမှစတင်၍ ထုတ်ပြန်ကြေညာခဲ့ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ငါးဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သုံးဦးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လေးဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၊ လူမျိုးပေါင်းစုံဒီမိုကရေစီ ပါတီ(ကယားပြည်နယ်)က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့ ရွေးချယ်ခံရကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက နံနက် ၉ နာရီ၊ မွန်းတည့် ၁၂ နာရီနှင့် ညနေ ၄ နာရီ မိနစ် ၅ဝ တို့တွင် သက်ဆိုင်ရာ မဲဆန္ဒအလိုက် ရလဒ်များကို ထုတ်ပြန်ကြေညာခဲ့သည်။

ပြည်သူ့လွှတ်တော်

ထိုသို့ ထုတ်ပြန်ကြေညာရာတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း ငါးဦးက ပါဝင်ယှဉ်ပြိုင်ကြပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၉၉၆၃၁ ဦး အနက် ၄၁၅ဝ၄ ဦးတို့ လာရောက်ဆန္ဒမဲပေး ရာ ခိုင်လုံသောဆန္ဒမဲ ၄ဝ၃၂ဝ မဲရရှိခဲ့ကြောင်း၊ ၎င်းတို့ အနက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးနေကျော်က ဆန္ဒမဲ ပေါင်း ၂၇၃၅၇ မဲ(၆၇ ဒသမ ၈၅ ရာခိုင်နှုန်း) ဖြင့် ရွေးချယ်ခံရကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အတွက် ကိုယ်စား လှယ်လောင်း ရှစ်ဦးက ပါဝင်ယှဉ်ပြိုင်ကြပြီး ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ ၃၇၈၅၁၆ ဦးအနက် ၄၆၄၁၈ ဦးတို့ လာရောက် ဆန္ဒမဲပေးရာ ခိုင်လုံသော ဆန္ဒမဲ ၄၄၉၈၉ ရရှိခဲ့သည်။ ၎င်းတို့အနက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဝင်းမင်းက ဆန္ဒမဲပေါင်း ၃၁၃၆၉ မဲ(၆၉ ဒသမ ၇၃ ရာခိုင်နှုန်း)ဖြင့် ရွေးချယ်ခံရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အတွက် ကိုယ်စားလှယ်လောင်း ငါး ဦးက ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၈၉၈ဝ၇ ဦး အနက် ၂၆၂၅ဝ တို့ လာရောက်ဆန္ဒမဲပေးကြရာ ခိုင်လုံသော ဆန္ဒမဲ ၂၅၂၇၁ မဲရရှိခဲ့သည်။ ၎င်းတို့အနက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးမြစိန်က ဆန္ဒမဲပေါင်း ၁၅၇၅၆ မဲ( ၆၂ ဒသမ ၃၅ ရာခိုင်နှုန်း)ဖြင့် ရွေးချယ်ခံရသည်။

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်၌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အတွက် ကိုယ်စားလှယ်လောင်း ကိုးဦးက ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၉၄၆၉၈ ဦး အနက် ၅၆၁၄၁ ဦးတို့ လာရောက်ဆန္ဒမဲပေး ကြရာ ခိုင်လုံသော ဆန္ဒမဲ ၅၄၃၄၈ မဲ ရရှိခဲ့သည်။ ၎င်းတို့အနက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးကျော်ဆွေဝင်း(ခ) ဦးအာလူးက ဆန္ဒမဲပေါင်း ၃၈ဝ၂၈ မဲ(၆၉ ဒသမ ၉၇ ရာခိုင်နှုန်း) ဖြင့် ရွေးချယ်ခံရသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်၌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အတွက် ကိုယ်စားလှယ်လောင်း ငါးဦးက ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၅ဝဝ၄ဝ အနက် ၁၁၉၂၇၂ ဦးတို့ လာရောက်ဆန္ဒမဲပေးကြရာ ခိုင်လုံသော ဆန္ဒမဲ ၁၁၇၄၂၈ မဲ ရရှိခဲ့သည်။ ၎င်းတို့ အနက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးညွန့်အောင်က ဆန္ဒမဲပေါင်း ၉၅၉၂၃ မဲ(၈၁ ဒသမ ၆၉ ရာခိုင်နှုန်း) ဖြင့် ရွေးချယ်ခံရသည်။

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အတွက် ကိုယ်စားလှယ်လောင်း ငါးဦးက ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၂၆၂၂၅ ဦးအနက် ၄၈၅၃၅ ဦးတို့ လာရောက်ဆန္ဒမဲပေးကြရာ ခိုင်လုံသော ဆန္ဒမဲ ၄၇၁၆၇ မဲရရှိခဲ့သည်။၎င်းတို့အနက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်ကြည်သိန်းက ဆန္ဒမဲပေါင်း ၁၉၆၆၇ မဲ(၄၁ ဒသမ ၇ဝ ရာခိုင်နှုန်း) ဖြင့် ရွေးချယ်ခံရသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အတွက် ကိုယ်စားလှယ်လောင်း လေးဦးက ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ ၇၆ဝ၈၆ ဦးအနက် ၄၆၆၆၉ ဦးတို့ လာရောက်ဆန္ဒမဲပေးကြကာ ခိုင်လုံသောဆန္ဒမဲ ၄၄၃ဝ၄ မဲရရှိခဲ့သည်။၎င်းတို့အနက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရခိုင်အမျိုးသားပါတီမှ ဒေါက်တာအေးမောင်က ဆန္ဒမဲပေါင်း ၂၁၇၉၄ မဲ(၄၉ ဒသမ ၁၉ ရာခိုင်နှုန်း)ဖြင့် ရွေးချယ်ခံရသည်။

ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အတွက် ကိုယ်စားလှယ်လောင်း လေးဦးက ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ ၄၃၉၆၄ ဦးအနက် ၂၁၁ဝ၉ ဦးတို့ လာရောက်ဆန္ဒမဲပေးကြကာ ခိုင်လုံသောဆန္ဒမဲ ၁၇၇၅၈ မဲရရှိခဲ့သည်။ ၎င်းတို့အနက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ စိုင်းဝင်းအေး(ခ) စိုင်းထွန်းအေးက ဆန္ဒမဲပေါင်း ၁ဝ၂၁၆ မဲ(၅၇ ဒသမ ၅၃ ရာခိုင်နှုန်း) ဖြင့် ရွေးချယ်ခံရသည်။

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အတွက် ကိုယ်စားလှယ်လောင်း လေးဦးက ဝင်ရောက်ယှဉ်ပြိုင်ကြရာ ခိုင်လုံသောဆန္ဒမဲ ၂၄၅၂၁ မဲ ရရှိခဲ့သည်။ ၎င်းတို့အနက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ စိုင်းအောင်ကျော်က ဆန္ဒမဲပေါင်း ၁၈၈၈၂ မဲ(၇၇ ရာခိုင်နှုန်း) ဖြင့် ရွေးချယ်ခံရသည်။

အမျိုးသားလွှတ်တော်

ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၃)အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း သုံး ဦးက ပါဝင်ယှဉ်ပြိုင်ကြပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၈ဝ၂၇ ဦး အနက် ၂၁၁၂၄ ဦးတို့ လာရောက်ဆန္ဒမဲပေးကြရာ ခိုင်လုံသောဆန္ဒမဲ ၂ဝ၆၇၄ မဲ ရရှိခဲ့သည်။ ၎င်းတို့အနက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဘွဲခိန်းက ဆန္ဒမဲပေါင်း ၉၂၄၂မဲ( ၄၄ ဒသမ ၇ဝ ရာခိုင်နှုန်း)ဖြင့် ရွေးချယ်ခံရသည်။

ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၄)အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ခြောက်ဦးက ပါဝင်ယှဉ်ပြိုင်ကြပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၂ဝ၃၃၈ ဦး အနက် ၁၂၉၁၈၇ ဦးတို့ လာရောက် ဆန္ဒမဲပေးကြရာ ခိုင်လုံသောဆန္ဒမဲ ၁၂၃၉၆ဝ ရရှိခဲ့သည်။ ၎င်းတို့အနက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်စန်းစန်း မြင့်က ဆန္ဒမဲပေါင်း ၇၁ဝ၄၂ မဲ( ၅၇ ဒသမ ၃၁ ရာခိုင်နှုန်း) ဖြင့် ရွေးချယ်ခံရသည်။

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒ နယ်အမှတ်(၆)အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ခြောက်ဦးက ပါဝင်ယှဉ်ပြိုင်ကြပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၄၃၆ဝဝ အနက် ၉၃၂၇၉ ဦးတို့ လာရောက်ဆန္ဒမဲပေးရာ ခိုင်လုံသော ဆန္ဒမဲ ၉၂၁၆၁ မဲရရှိခဲ့သည်။ ၎င်းတို့ အနက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါက်တာမောင်မောင်က ဆန္ဒမဲပေါင်း ၇၅၂၉၉ မဲ ( ၈၁ ဒသမ ၇ဝ ရာခိုင်နှုန်း) ဖြင့် ရွေးချယ်ခံရသည်။

ပြည်နယ်လွှတ်တော်

ကယားပြည်နယ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အတွက် ကိုယ်စား လှယ်လောင်း သုံးဦးက ပါဝင်ယှဉ်ပြိုင်ကြပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ၉၅၇ဝ အနက် ၆၇၁ဝ တို့ လာရောက်ဆန္ဒမဲပေးရာ ခိုင်လုံသော ဆန္ဒမဲ ၆၂၈၆ မဲရရှိခဲ့သည်။ ၎င်းတို့အနက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်)မှ ဦးသဲရယ်က ဆန္ဒမဲပေါင်း ၃၃၅၁ မဲ(၅၃ ဒသမ ၃၁ ရာခိုင်နှုန်း) ဖြင့် ရွေးချယ်ခံရသည်။

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၌ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အတွက် ကိုယ်စား လှယ်လောင်း သုံးဦးက ပါဝင်ယှဉ်ပြိုင်ကြပြီး ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ ၆၂၇ဝ၅ ဦး အနက် ၃၅ဝ၇၇ ဦးတို့ လာရောက် ဆန္ဒမဲပေးကြရာ ခိုင်လုံသော ဆန္ဒမဲ ၃၃၆၄ဝ မဲရရှိခဲ့သည်။ ၎င်းတို့အနက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးခင်မောင်ဝင်းက ဆန္ဒမဲပေါင်း ၁၇၂ဝ၄ မဲ(၅၁ ဒသမ ၁၄ ရာခိုင်နှုန်း) ဖြင့် ရွေးချယ်ခံရသည်။

ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်၌ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) အတွက် လွှတ်တော်ကိုယ်စားလှယ် လောင်း ခြောက်ဦးက ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ ၅၆၁၃၆ ဦးအနက် ၂၂၇၆၂ ဦးတို့ လာရောက် ဆန္ဒမဲပေးကြရာ ခိုင်လုံသောဆန္ဒမဲ ၂ဝ၆၂၈ မဲ ရရှိခဲ့ သည်။ ၎င်းတို့အနက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးရှာမွေလရှဲန်က ဆန္ဒမဲပေါင်း ၇ဝ၂၆ မဲ(၃၄ ဒသမ ၁၆ ရာခိုင်နှုန်း) ဖြင့် ရွေးချယ်ခံရသည်။

ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်၌ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) အတွက် လွှတ်တော်ကိုယ်စားလှယ် လောင်း လေးဦးက ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ၂၄ဝဝ၈ ဦးအနက် ၁ဝ၇၆၅ ဦးတို့ လာရောက်ဆန္ဒမဲ ပေးကြရာ ခိုင်လုံသောဆန္ဒမဲ ၈၂၃၆ မဲရရှိခဲ့သည်။ ၎င်းတို့အနက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ စိုင်းလင်းမြတ်က ဆန္ဒမဲပေါင်း ၄၇၆၄ မဲ(၅၇ ဒသမ ၈၄ ရာခိုင်နှုန်း)ဖြင့် ရွေးချယ်ခံရသည်။

ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်၌ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)အတွက် လွှတ်တော်ကိုယ်စားလှယ် လောင်း ငါးဦးက ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ၁၉၉၅၆ ဦးအနက် ၁ဝ၃၄၄ ဦးတို့ လာရောက် ဆန္ဒမဲပေးကြပြီး ခိုင်လုံသောဆန္ဒမဲ ၈၆ဝ၅ မဲ ရရှိခဲ့သည်။ ၎င်းတို့အနက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်နန်းကောင်ခမ်းက ဆန္ဒမဲပေါင်း ၅၇၅၃ မဲ(၆၆ ဒသမ ၈၆ ရာခိုင်နှုန်း) ဖြင့် ရွေးချယ်ခံရသည်။

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်၌ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) အတွက် လွှတ်တော်ကိုယ်စားလှယ် လောင်းလေးဦးက ဝင်ရောက်ယှဉ်ပြိုင်ကြရာ ခိုင်လုံသော ဆန္ဒမဲ ၁၃၄ဝ၆ မဲ ရရှိခဲ့သည်။ ၎င်းတို့အနက် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ စိုင်းစံမိုင်းက ဆန္ဒမဲပေါင်း ၁၁၅၄၂ မဲ(၈၆ ဒသမ ၁ဝ ရာခိုင်နှုန်း)ဖြင့် ရွေးချယ်ခံရသည်။

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်၌ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) အတွက် လွှတ်တော်ကိုယ်စားလှယ် လောင်း ငါးဦးက ဝင်ရောက်ယှဉ်ပြိုင်ကြရာ ခိုင်လုံသော ဆန္ဒမဲ ၁၁၈၃၆ မဲ ရရှိခဲ့သည်။ ၎င်းတို့အနက် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးခင်မောင်ညွန့်က ဆန္ဒမဲပေါင်း ၇၈၃၂ မဲ(၆၆ ဒသမ ၁၇ ရာခိုင်နှုန်း) ဖြင့် ရွေးချယ်ခံရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ က၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်သူများနှင့် ပါဝင်ဆောင် ရွက်ခဲ့ကြသူများကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ကြားဖြတ် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာသည်။

၂ဝ၁၇ ခုနှစ် ဧပြီ ၁ရက်တွင် ကျင်းပခဲ့သည့် ကြား ဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်လျက်ရှိသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုးနေရာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် သုံးနေရာနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခုနစ်နေရာ စုစုပေါင်း နေရာ ၁၉ နေရာအတွက် နိုင်ငံရေးပါတီ ၂၄ ပါတီမှ ကိုယ်စားလှယ်လောင်း ၈၇ ဦးနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ခုနစ်ဦး စုစုပေါင်း ၉၄ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သူရဇော်၊ မွှေးကြူဇင်(သတင်းစဉ်)

No comments:

Post a Comment