Latest News

Sunday, April 9, 2017

လူ(၃၀)သေဆုံးခဲ့တဲ့ စက်လှေနစ်မြုပ်မှု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်လျှပ်စစ်စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး နှင့် အင်တာဗျူး


လူ(၃၀)သေဆုံးခဲ့တဲ့ စက်လှေနစ်မြုပ်မှု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်လျှပ်စစ်စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး နှင့် အင်တာဗျူး

ဧပြီလ(၇)ရက်နေ့  ည(၇)နာရီခန့် မှာ ပုသိမ်မြို့ ကြက်တန်းကူးတို့ ဆိပ်အနီးမှာ နဒီရွှေစင် ကျောက်တင် သင်္ဘောနဲ့ မင်္ဂလာဆောင်မှအပြန် ငွေကြယ်ပွင့် မော်တော် တစ်စီးတို့ တိုက်မှုကြောင့် လူပေါင်း(၃၀)သေဆုံးခဲ့ ပြီး (၃၀)ကိုကယ်တင် နိုင်ခဲ့ ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊အစိုးရအဖွဲ့ ဝင်လျှပ်စစ်စက်မှု လက်မှုနှင့် လမ်းပန်းဆက်
သွယ်ရေးဝန်ကြီး ဦးဝင်းဌေးအား သတင်းထောက် မျိုးမင်းပိုင်က တွေ့ ဆုံမေးမြန်းထားမှု ကိုပြန်လည်ဖော်ပြလိုက်ပါတယ် ။

“အဓိကကတော့ အခုလို မြစ်ထဲမှာ မတော်တဆမှုဖြစ်ရင် ဘယ်လိုအသိပေးမလဲ။ Alarm လုပ်မလဲ ။
ဆက်သွယ်ဆောင်ရွက်ရမလဲဆိုတာကို အားချင်းလုပ်နေပါတယ်။ ရေကြောင်းရဲတို့ ၊ဆိပ်ကမ်းကတာဝနှ်ရှိသူတွေ
ပါခေါ်ယူပြီးနောင်တစ်ချိန်မှာ ဒီလို မျိုးအခြေနေပေါ်လာခဲ့ ရင် ဘယ်လို ဆောင်ရွက်မလဲဆိုတာကို ကော်မတီ
တစ်ရပ် ဖွဲ့ ပြီး အားချင်းဆောင်ရွက်ပါ့မယ်”
.........................
M.M.Pမြို့ နယ် နိမိတ်ဧရိယာအတွင်းဖြစ်ခဲ့ တာပါ။ ခုနောက်ဆုံးအစိုးရအနေနဲ့ ဘာတွေလုပ်ထားပြီးလဲခင်ဗျ ။
U.W.H အဓီကကတော့ ရေကြောင်းကြီးကြပ်ရေးကိစ္စတွေကို အသေးစိတ်ဆောင်ရွက်နေတယ်။တစ်တိုင်းလုံးအန္တရာယ်
ကင်းအောင် လုပ်နေတယ်။ မနေ့ ကဖြစ်သွားတဲ့  ကိစ္စဆိုရင် သက်ဆိုင်ရာ သတ်မှတ်ထားတဲ့  ဆိပ်ကမ်းကထွက်တာ
မဟုတ်ဘူး။ ကြားဆိပ်ကမ်းက ထွက်သွားတာလည်းရှိတာပေါ့။ နောက်ညဘက်ဆိုရင် စက်လှေဆိုတာ မီးပါဖို့ လိုတာပေါ့။ ဒါပေမယ့် အဲဒါကို တိုင်းဒေသကြီးအစိုးရအနေနဲ့  ချက်ချင်းအားချင်းဆိုသလို စုံစမ်းရေးကော်မရှင် ဖွဲ့ ထားပါပြီ ။ခုစစစ်နေပါပြီစိစစ်ပြီးတော့ ဆောင်ရွက်နေပါတယ်။

M .M. P ဖြစ်တဲ့ အချိန် သင်္ဘောတွေ ရှိရဲ့ သားနဲ့ စလိုက်တွေမထိုးနိုင်ခဲ့ ဘူးနော်။
U.W.H ဆလိုက်မီးတွေက ရုတ်တရက်တော့ ချက်ချင်း ကြီး တော့ မထိုးနိုင်ဘူး။ ပြောလိုက်တဲ့  အခါမှာတော့ စလိုက် တွေ ထိုးကြပါတယ်။ ဟိုဘက်ကမ်းမှာရှိတဲ့  သင်္ဘောရော ဒီဘက်ကမ်းမှာရှိတဲ့  သင်္ဘောရော မီး
ထိုးပေးကြပါတယ်.။

M.M.P နောင်ကို ဒီလို မျိုးမဖြစ်အောင် အစိုးရ ဘာတွေ လုပ်မလဲခင်ဗျ။
U.W.H အဓိကကတော့ အခုလို မြစ်ထဲမှာ မတော်တဆမှုဖြစ်ရင် ဘယ်လို အသိပေးမလဲ။ Alarm လုပ်မလဲ ဆက်သွယ်ဆောင်ရွက်ရမလဲ ဆိုတာကို အားချင်းလုပ်နေပါတယ်။ ရေကြောင်းရဲ တို့ ၊ဆိပ်ကမ်းကတာဝနှ်ရှိသူတွေ ပါခေါ်ယူပြီးနောင်တစ်ချိန်မှာ ဒီလို မျိုးအခြေနေပေါ်လာခဲ့ ရင် ဘယ်လို ဆောင်ရွက်မလဲဆိုတာကို ကော်မတီ တစ်ရပ် ဖွဲ့ ပြီး အားချင်းဆောင်ရွက်
ပါ့မယ်။

M.M.P ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်သူတွေကို အစိုးရအဖွဲ့ အနေနဲ့  ဘာပြောချင်သလဲခင်ဗျ။
U.W.H ကျနော်တို့  ဧရာဝတီတိုင်းဟာ ခရီးသွားလာတဲ့ အခါမှာ သင်္ဘော
စက်လှေ ဒီလမ်းကို သုံးရတာ များပါတယ်။ ရေလမ်းကြောင့် တစ်စုံတစ်ရာဖြစ်ရင် ဒီလိုမျိုး များများသေတဲ့ ကိစ္စတွေ ဖြစ်တဲ့ အတွက် စက်လှေပိုင်ရှင်တွေ ကျနော်တို့ ချမှတ်ထားတဲ့ စည်းကမ်းတွေ လိုက်နာဖို့ လိုပါတယ်။ စက်လှေမှာလူတွေ ၀န်တွေအများကြီးတင်တာတို့ မလုပ်ပဲ ဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်း တွေကို လေးစားကြပါလို့  ပဲမေတ္တာရပ်ခံချင်ပါတယ်။
M.M .P ဖြေကြားပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment