Latest News

Thursday, April 6, 2017

ဆရာ၊ ဆရာမများ အပြောင်းအရွှေ့နှင့် ရာထူးတိုးများကို ဧပြီလကုန် အပြီးဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာန ညွှန်ကြား

ဆရာ၊ ဆရာမများ အပြောင်းအရွှေ့နှင့် ရာထူးတိုးများကို ဧပြီလကုန် အပြီးဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာန ညွှန်ကြား

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် အတွက် အပြောင်းအရွှေ့နှင့် ရာထူးတိုးကို ဧပြီလကုန်တွင် အ ပြီးသတ်ဆောင်ရွက်ရန် ပညာရေး ဝန်ကြီးဌာနက မတ်လ ၂၉ ရက် တွင် ညွှန်ကြားချက် ထုတ်ပြန်ထား ကြောင်း သတင်းရရှိသည်။

မူလတန်း ကျောင်းအုပ်နှင့် အလယ်တန်းပြဆရာ၊ ဆရာမများ အပြောင်းအရွှေ့ အပါအဝင်၊မူလတန်းမှ အလယ်တန်းပြ ရာထူးတိုး၊ မူလတန်းပြမှ မူလတန်းကျောင်း အုပ်ရာထူးတိုးများလျာထားဆောင် ရွက်ရန် ညွှန်ကြားထားသည်။

PPTT နှင့် DTEd သင်တန်းဆင်း နည်းပြဆရာများကို မူလ တန်းပြခန့်ထားနိုင်ရန် ရာထူးလစ် လပ်နေရာများ ပေါ်ထွက်လာစေ ရေးအတွက် မူလတန်းပြ၊ မူလ တန်းကျောင်းအုပ်နှင့် အလယ် တန်းပြများ၏ အပြောင်းအရွှေ့နှင့် ရာထူးတိုးအတွက် တန်းစီဇယား နှင့်အတူ လျာထားစာရင်းများ တင်ပြရန် ညွှန်ကြားထားသည်။

‘‘ကျောင်းဖွင့်ရာသီမတိုင်ခင် မူလတန်းပြသင်တန်းဆင်းတွေကို လစ်လပ်တဲ့ ကျောင်းတွေမှာ ခန့်အပ်နိုင်ဖို့ အခုလိုထုတ်ပြန်ခဲ့တာ ပါ။ ကျောင်းတွေမှာဆရာအင်အား မလုံလောက်တဲ့ ပြဿနာကို ရင် ဆိုင်နေရတဲ့အတွက် အဓိက ပြဿနာတစ်ရပ်ဖြစ်တဲ့ ဆရာအင် အား မလုံလောက်မှုကို လျှော့ချ နိုင်ဖို့အတွက် ပြင်ဆင်တာပါ’’ဟု ပညာရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် ရာထူးတိုးနှင့် အပြောင်းအရွှေ့ကို ဖေဖော်ဝါရီက လျှောက်လွှာများခေါ်ယူခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးများ ထောက် ခံချက်ဖြင့် ရာထူးတိုးနှင့်အပြောင်း အရွှေ့ ဆုံးဖြတ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
( 7Day News )
Credit

No comments:

Post a Comment