Latest News

Tuesday, April 4, 2017

ရေရှားပါးတဲ့ ကျေးရွာပေါင်း ၂၀၀ ကျော်အတွက် ရေဂါလံ ၆သန်း ပေးဝေထား

ရေရှားပါးတဲ့ ကျေးရွာပေါင်း ၂၀၀ ကျော်အတွက် ရေဂါလံ ၆သန်း ပေးဝေထာ


ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၂ ခုက ရေရှားပါးတဲ့ ကျေးရွာပေါင်း ၂၀၀ ကျော်အတွက် ရေဂါလန်ပေါင်း ၆ သန်းကျော် ပေးဝေထားတယ်လို့ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

ရေရှားပါးနိုင်တဲ့ ကျေးရွာစာရင်းတွေ ကောက်ယူရာမှာ ကျေးရွာ ၅၀၀ ကျော် စာရင်းရရှိထားပြီး လတ်တလောမှာ ၂၀၀ ကျော်အတွက် ရေပေးဝေနေတယ်လို့ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က ပြောပါတယ်။

"ရေရှားပါးနိုင်တဲ့ ခန့်မှန်းရွာတွေကို စာရင်းပြုစုလိုက်တယ်၊ အောက်ခြေကစာရင်းတွေ ပေါင်းစပ်ညှိနှိုင်း လိုက်တော့ ရွာပေါင်း ၅၀၈ ရွာထွက်လာတယ်၊ မတ်လ ၃၁ ရက်နေ့အထိ ၂၂၂ ရွာကိုရေစဖြန့်ပေးနေ ပါပြီ"

ရေပေးဝေမှုကို မတ်လမှာ စတင်ခဲ့တာဖြစ်ပြီး မိုးမကျခင်ကာလအထိ ရေရှားပါးတဲ့နေရာတွေမှာ ရေပေးဝေ သွားမယ်လို့ ပြောပါတယ်။

ဒီနှစ် နွေရာသီဟာ မနှစ်ကထက်စာရင် ရေပြတ်လပ်မှု လျှော့နည်းသွားပြီး သောက်သုံးရေပြတ်လပ်မှုရှိနိုင် တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး  ၁၂ ခုက ကျေးရွာပေါင်း ၅၀၀ ကျော်အတွက် ရေဂါလံ ၁၄ သန်း ပေးဝေသွား ဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ တနသာင်္ရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ဧရာဝတီတိုင်းနဲ့ ပြည်နယ် ၁၂ခုက ကျေးရွာပေါင်း ၅၀၈ ရွာမှာ မတ်လကနေ မေလလယ်လောက်ထိ ရေရှားပါးမှုအခက်အခဲကို ကြုံတွေ့ရနိုင်တယ်လို့ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ခန့်မှန်းထားပါတယ်။

Photo: Kyaw Lwin Oo/RFA

No comments:

Post a Comment