Latest News

Sunday, April 9, 2017

ကျုံပျော်မြို့တွင် စည်းကမ်းမဲ့ဆိုင်ကယ်များအား ဖမ်းဆီးအရေးယူ

ကျုံပျော်မြို့တွင် စည်းကမ်းမဲ့ဆိုင်ကယ်များအား ဖမ်းဆီးအရေးယူ

သင်္ကြန်ကာလမတိုင်မီ ကျုံပျော်မြို့ တွင် ကျုံပျော်မြို့နယ်မူး ရဲမူးခင်မောင်စိုး ၊မြို့မရဲစခန်းမူး ဒုရဲမူးခိုင်ကျော်ဦး၊ အဖွဲ့ အထွေထွေအုပ်ချုပ်ရေးမူးရုံးမှ ဒုဦးစီးမူး ရဲထက်အောင် အဖွဲ့၊ရပ်ကွက် အုပ်ချုပ်ရေးမူးများ၊မြို့နယ်စည်ပင် ၊ယာဉ်/စည်းအဖွဲ့များနှင့်ပူးပေါင်း၍ ဖမ်းဆီးဆောင်ရွက်နေပါတယ်။

အိတ်ဇောပိုက်ဖြုတ်ထားတဲ့ ဆိုင်ကယ်တွေများအပြင် ယာဉ်စမ်းကမ်းမလိုက်နာသည့် ယာဉ်များပါ ရှောင်တခင်စစ်ဆေး မှုနဲ့ ဖမ်းဆီးတာပါ။ သင်္ကြန်ရက် ရောက်ရင် ပိုဖမ်းမယ်။ စည်းကမ်းမဲ့ မောင်းနှင်ခြင်းမျိုး ကိုလဲ ထိရောက်စွာ အရေးယူမယ်။"


ဧပြီလ ၁၀ ရက် ယနေ့နံနက်ပိုင်းတွင် စည်းကမ်းမဲ့ဆိုင်ကယ် ဦးထုပ်မဆောင်း (၂၂)စီး၊ အသံကျယ်လောင် အိပ်ဇာတပ် (၂)စီး၊စုစုပေါင်း (၂၄) စီး တရားရုံးသို့ တရားစွဲ တင်ပို့ထားတယ်လို့ မြို့မစခန်းမူး ဒုရဲမူးခိုင်ကျော်ဦး ထံမှသိရှိရပါတယ်။

သင်္ကြန်ကာလတွင် ဖမ်းဆီးရမိသည့် အိတ်ဇောပိုက်တပ်ဆင်မောင်းနှင် နေသည့် ဆိုင်ကယ်များကို သင်္ကြန်ကာလအပြီး ရုံးဖွင့်ရက်မှသာထုတ်ပေးမည်ဖြစ်ကြောင်း၊ ထိုဆိုင်ကယ်များကို မြို့မ ရဲစခန်း ကျုံပျော် တွင်ယာယီထိန်းသိမ်းထားမည်ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

၂၀၁၅ မော်တော်ယာဉ်ဥပ ဒေအရ စည်းကမ်းမဲ့ယာဉ်များကို မောင်းနှင်ပါက ကျပ်သုံးသောင်း ထက်မပိုသော ဒဏ်ငွေ(သို့မ ဟုတ်) ထောင်ဒဏ်တစ်လထက် မပိုသော ပြစ်ဒဏ်ကျခံရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

No comments:

Post a Comment