Latest News

Sunday, April 9, 2017

သင်္ကြန်ကာလ ရွှေတိဂုံစေတီတော်စက်လှေကား၊ဓာတ်လှေကား ပိတ်မည်

သင်္ကြန်ကာလ ရွှေတိဂုံစေတီတော်စက်လှေကား၊ဓာတ်လှေကား ပိတ်မည်

သင်္ကြန်ကာလတွင် ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်သို့ တက်ရောက် နိုင်သော စက်လှေကား၊ ဓာတ်လှေကားများအားလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကရုံး ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေကဧပြီ ၉ ရက်၌ စံတော်ချိန်သို့ ပြောဆိုသည်။နံနက် ၉ နာရီမှ ညနေ ၄နာရီရွှေတိဂုံစေတီတော်ပေါ်သို့ တက်ရောက်နိုင်သည့် စက်လှေကား၊ ဓာတ် လှေကားအားလုံးကို သင်္ကြန်ကာလအတွင်း နေ့စဉ် နံနက် ၉ နာရီမှ ညနေ၄နာရီ အထိ ပိတ်သွားမည်ဖြစ်ပြီး နှစ်ဆန်း ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။

" ရွှေတိဂုံစေတီတော်ပေါ်ကို တက် ရောက်နိုင်တဲ့ စက်လှေကား၊
ဓာတ်လှေကား တွေပိတ်မယ်။ သင်္ကြန်တွင်း ရေပက်တဲ့ ကာလပေါ့။
ဓာတ်လှေကား၊ စက်လှေကားပိတ်ရတာက သင်္ကြန်တွင်းရေစိုတွေနဲ့
တက်ရင် လျှပ်စစ်စီးအန္တရာယ်ရှိမှာစိုးရိမ်လို့ပါ"ဟု ၎င်းကပြောဆို သည်။

ထို့ပြင် သင်္ကြန်ကာလတွင် အရက် သေစာသောက်စားမှုများ၊
မူးယစ်သူမရှိအောင် ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်ရှိ
သိဂုင်္တ္တရပန်းခြံကိုလည်း ပိတ်ထားမည်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းတွင်လည်း ယင်းသို့ပိတ်ထားလေ့ရှိကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်သို့ တက်ရောက်နိုင်သော ဓာတ်လှေကား၊ စက်လှေကားများမှာ မုခ်အားလုံးတွင် စုစုပေါင်း ရှစ်ခု ရှိပြီးသင်္ကြန်ကာလတွင် အားလုံးပိတ်ထားမည်ဖြစ်သည်။

ရွှေတိဂုံစေတီတော် လုံခြုံရေးအတွက်နေ့စဉ်ဘုရားလုံခြုံရေးဝန်ထမ်း ၁၅၀ ခန့်ချထားဆောင်ရွက်လျက်ရှိကြောင်း ရွှေတိဂုံ စေတီတော်ဂေါပကရုံးမှ သိရသည်။(TheStandard Time Daily)

No comments:

Post a Comment