Latest News

Thursday, April 13, 2017

သင်္ကြန်လည်ပတ်တဲ့ကားတစ်စီး စီးပွားရေးတက္ကသိုလ်နားမှာ တိမ်းမှောက်

သင်္ကြန်လည်ပတ်တဲ့ကားတစ်စီး စီးပွားရေးတက္ကသိုလ်နားမှာ တိမ်းမှောက်

ရန်ကုန်၊ ဧပြီ ၁၃

စီးပွါးရေးတက္ကသိုလ် (လှိုင်နယ်မြေ) နားမှာ ယနေ့ နေ့လည် ၂နာရီခွဲက သင်္ကြန်လည်ပတ်တဲ့ကားတစ်စီး အရှိန်ပြင်းစွာမောင်းနှင်တဲ့ အတွက် တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။

“ကားပေါ်မှာ ပါလာတဲ့ သူတွေ အကုန်လုံးကတော့ အခု ရန်ကုန်ဆေးရုံကြီးမှာ တင်ထားရပါတယ် ” လို့အရေးပေါ်ကူညီကယ်ဆယ်ရေးနဲ့ လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်းမှ ကိုဇွဲရန်နိုင် က ပြောပါတယ်။

ဖြစ်စဉ်မှာ အင်းယားလမ်းထောင့်နဲ့ စီးပွါးရေးတက္ကသိုလ်(လှိုင်နယ်မြေ) နားမှာ ယာဉ်ကွေ့တာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

ကားပေါ်မှာ သင်္ကြန်လည်ပတ်သူ ၉ယောက်ပါလာပြီး လူကြီး၎ယောက် ကလေး ၅ယောက်ပါလာတယ်လို့ သိရပါတယ်။ အမျိုးသမီး တစ်ဦးနဲ့ အမျိုးသားတစ်ဦးကတော့ ခေါင်းကွဲဒဏ်ရာရရှိခဲ့ပြီး ကျန်သူတွေကတော့ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိပါရတယ်။

Photo - ကိုဇွဲရန်နိုင်၊အောင်လေး (kumudra)


No comments:

Post a Comment