Latest News

Wednesday, April 26, 2017

(၂)ကြိမ်မြောက် ကျပ် ၅ဝဝ တန် ထီဖွင့်ပွဲတွင် ဆုမဲပေါင်း ကိုးသောင်းကျော် ခွဲဝေချီးမြှင့်မည်

(၂)ကြိမ်မြောက် ကျပ် ၅ဝဝ တန် ထီဖွင့်ပွဲတွင် ဆုမဲပေါင်း ကိုးသောင်းကျော် ခွဲဝေချီးမြှင့်မည်

ရန်ကုန် ဧပြီ ၂၆

မေ ၁ ရက်တွင် ကျင်းပမည့် (၂)ကြိမ်မြောက် ကျပ် ၅ဝဝ တန် ထီဖွင့်ပွဲတွင် ဆုမဲပေါင်း ကိုးသောင်းကျော် ခွဲဝေချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁ ရက်တွင် ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်ခဲ့သည့် (၁)ကြိမ်မြောက် ကျပ် ၅ဝဝ တန် ထီဖွင့်ပွဲတွင် အထူးဆုကြီးများအပါအဝင် ဆုမဲပေါင်း တစ်သိန်းကျော်အထိ ခွဲဝေချီးမြှင့်နိုင်ခဲ့ပြီး ယခု (၂)ကြိမ်မြောက် တွင် ထီရောင်းရသည့်ငွေအပေါ် ထီဆုငွေများ ပြန်လည်ခွဲဝေပေးရာတွင် ဆုမဲပေါင်း ကိုးသောင်းကျော် ချီးမြှင့်မည်ဖြစ်ပြီး ပထမအကြိမ်ထက် ဆုမဲအရေအတွက် အနည်းငယ် လျော့နည်းသွားကြောင်း သိရသည်။

(၂)ကြိမ်မြောက် ကျပ် ၅ဝဝ တန် ထီဖွင့်ပွဲအတွက် ထီလက်မှတ်များ ရောင်းချခဲ့ရာတွင် (၂) ကြိမ်မြောက်နှင့် ၂ဝ၁၇ မေ ၁ ရက်တွင် ဖွင့်လှစ်မည် ဟူသော စာသားပါရှိသည့် ထီလက်မှတ် (က အက္ခရာမှ အစဉ်လိုက် န အက္ခရာအထိ) အက္ခရာ အလုံး ၂ဝ၊ အကြိမ်မြောက်နှင့် မည်သည့်နေ့တွင် ဖွင့်လှစ်မည်ဟူသော စာသားမပါရှိသည့် အရန်ထီလက်မှတ် (ကင အက္ခရာမှ အစဉ်လိုက် ကတ အက္ခရာအထိ) အရန်ထီ အက္ခရာ ၁၂ လုံး၊ အကြိမ်မြောက်နှင့် မည်သည့်နေ့တွင် ဖွင့်လှစ်မည်ဟူသော စာသားမပါ ရှိသည့် အရန်ထီလက်မှတ် ကထ အက္ခရာမှာ ၄၂၇၂၇ အုပ်၊ ယင်းကြောင့် မေ ၁ ရက်တွင် ဖွင့်လှစ်မည့် ထီဖွင့်ပွဲအတွက် ရောင်းချရသည့် အက္ခရာပေါင်း ၃၂ လုံးနှင့် ထီအုပ်ရေ ၄၂၇၂၇ အုပ်ဖြစ်၍ ထီစာအုပ်ပေါင်း ၂၆၆ဝ၉ဝ၃ အုပ်ဖြစ်ပြီး ထီလက်မှတ်ပေါင်း ၂၉၂၆၉၉၃၃ စောင် ရောင်းချခဲ့ ရကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရသည်။

အဆိုပါ ထီလက်မှတ်များ ရောင်းချရငွေစုစုပေါင်းမှာ ကျပ်သန်းပေါင်း ၁၃၃ဝ၄ ဒသမ ၅၁၅ ဖြစ်ပြီး ထီလက်မှတ်စာအုပ်များ ရောင်းချရငွေ၏ ၆ဝ ရာခိုင်နှုန်း ကို ထီဆုငွေအဖြစ် ပြန်လည်ခွဲဝေပေးခြင်းဖြစ်ရာ ချီးမြှင့်မည့် ဆုငွေပေါင်းမှာ ကျပ်သန်းပေါင်း ၇၉၈၂ ဒသမ ၇ဝ၉ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆုငွေများကို ခွဲဝေချီးမြှင့်ရာတွင် အထူးဆုကြီးစနစ်တွင် ကျပ်သိန်း တစ်သောင်း တစ်ဆု၊ ကျပ်သိန်းငါးထောင်ဆု တစ်ဆု၊ ကျပ်သိန်းတစ်ထောင် ဆု တစ်ဆု၊ ဆုတစ်ဆုချင်းစနစ်တွင် ကျပ်သိန်းတစ်ရာ ဆု ၃၂ ဆု၊ ကျပ်သိန်း ငါးဆယ်ဆု ၃၈ ဆု၊ ကျပ်ဆယ်သိန်းဆု ၄၂ ဆု၊ ဝေဝေဆာဆာ ပဒေသာဆု မဲစနစ်တွင် ကျပ်သုံးသိန်းဆု ၁ဝဝ ဆု၊ ကျပ်နှစ်သိန်းဆု ၁ဝဝဝ ဆု၊ ကျပ်တစ်သိန်းဆု ၂ဝဝဝဝ ဆု၊ ကျပ်ငါးသောင်းဆု ၇ဝဝဝဝ ဆု စုစုပေါင်း ဆုမဲ ၉၂၂ဝ၅ ဆု ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။

အလားတူ မေ ၂ ရက်တွင် ကျင်းပမည့် (၂) ကြိမ်မြောက် ကျပ်၅ဝဝ တန်ထီ ဖွင့်ပွဲတွင် အက္ခရာ ဂေါ်လီလုံးအသစ်များကို စတင်အသုံးပြုသွား မည်ဖြစ်ကြောင်း သိရသည်။ပြန်/ဆက်

No comments:

Post a Comment