သြော် … မိန်းမ … မိန်းမ
နားမလည်တော့ပါဘူးဗျာ
ကောင်းကောင်းဝတ်လာတော့
“သြော် … ဘာလဲ … နောက်တစ်ယောက်ရှာချင်လို့လား” တဲ့
ဖြစ်သလိုဝတ်လာပြန်တော့
“ရှင် … ကျွန်မနဲ့ အတူ မလိုက်ခဲ့နဲ့” တဲ့
သူ့ကို နမ်းတော့
“လူကြီးလူကောင်း မဆန်လိုက်တာ” တဲ့
မနမ်းဘဲနေပြန်တော့
“ယောက်ျားမဟုတ်တဲ့အတိုင်းပဲ” တဲ့
သူ့ကို လှတယ်လို့ ပြောတော့
“လူလိမ်” တဲ့
မချီးကျူးဘဲနေတော့လည်း
“ရှင်က အသုံးကို မကျဘူး” တဲ့
သူ့ဆီကို မကြာခဏ သွားလည်တော့
“ပျင်းစရာကောင်းလာပြီ” တဲ့
မလည်ဘဲနေပြန်တော့
“ဘာလဲ … ဘယ်ကောင်မနဲ့ တွေ့နေပြီလဲ” တဲ့
ကိုယ်တစ်ယောက်တည်း လျှောက်လည်တော့
“သွား … သွား … နောက် ဘယ်တော့မှ မလာနဲ့” တဲ့
သူတစ်ယောက်တည်း လျှောက်လည်တာကျတော့
“မိန်းကလေးပဲ … တစ်ခါတလေ” တဲ့
သူ့ကို ဝေဖန်တော့
“မပြောနဲ့ ကျွန်မ မကြိုက်ဘူး” တဲ့
သူပြောတာကို ငြိမ်ပြီးနားထောင် ခေါင်းငြိမ့်နေတော့
“ရှင်က တော်တော် ယုံလွယ်တာပဲ” တဲ့
သြော် … မိန်းမ … မိန်းမ
နားလည်ရခက်သော၊ ရှုပ်ထွေးသော၊ အားနွဲ့သော၊ စွမ်းအားထက်သော … သော … သော … သော
(Women … Women)
၇.၄.၂၀၁၇
ဆရာတင်ညွှန့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment