Latest News

Sunday, April 30, 2017

မုတ်သုံအဝင်နောက်ကျနိုင်၍ မုန်တိုင်းအန္တရာယ် ပိုသတိထားရန် ဒေါက်တာထွန်းလွင် သတိပေး

မုတ်သုံအဝင်နောက်ကျနိုင်၍ မုန်တိုင်းအန္တရာယ် ပိုသတိထားရန် ဒေါက်တာထွန်းလွင် သတိပေး

ယခုနှစ်
မိုးရာသီတွင်မြန်မာနိုင်ငံသို့    မုတ်သုံအဝင် နောက်ကျနိုင်၍ မုန်တိုင်းအန္တရာယ် ပိုမိုသတိထားရန်လိုကြောင်း မိုး လေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးသည်။

ပုံမှန်အားဖြင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ မေလ ၅ ရက်  ဝန်းကျင်တွင်  ဝင်လေ့ ရှိသော အနောက်တောင်မုတ်သုံ လေသည် မေလ ၂၀ ရက်ခန့်မှသာ စတင်ဝင်ရောက်နိုင်သည်။

မြစ်ဝကျွန်းပေါ်ဒေသကို မေလ ၂၅ ရက်ခန့်နှင့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသကို ဇွန်လ ၁ ရက်ခန့်မှသာ    ဝင်ရောက်နိုင်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းသည်။

ဒေါက်တာထွန်းလွင်က ‘‘မုတ်သုံနောက်ကျနိုင်တယ်လို့ ဒီနေ့ပဲ သတင်းထုတ်လိုက်တယ်။ မုတ်သုံအဝင်နောက်ကျရင် မုန် တိုင်း သတိထားရမယ်။ မုန်တိုင်းနဲ့တွဲတွဲဝင်တတ်တယ်’’ဟုဆိုသည်။

မိုးရွာသွန်းမှုအခြေအနေ သည် မေလလယ်အထိ လျော့ နည်းနေကြောင်း၊ လတ်တလော တွင် ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းဖြစ်နိုင်ခြေ လျော့နည်းနေ ခြင်းကြောင့် အနောက်တောင် မုတ်သုံလေ အဝင်နောက်ကျနိုင် ကြောင်း ဒေါက်တာထွန်းလွင်က ရှင်းပြသည်။

(7Day News Journal)

No comments:

Post a Comment