Latest News

Sunday, April 30, 2017

ကျူးဘားမှာ စစ်ဘက်လေယာဉ်ပျက်မှု လိုက်ပါလာသူအားလုံး သေဆုံး

ကျူးဘားမှာ စစ်ဘက်လေယာဉ်ပျက်မှု လိုက်ပါလာသူအားလုံး သေဆုံ


ကျူးဘားနိုင်ငံ အနောက်ပိုင်းမှာ စစ်ဘက်လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ကျူးဘားစစ်ဘက်က သတင်းထုတ်ပြန်မှုအရ ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ အင်ဂျင်နှစ်လုံးတပ် Antonov An-26 အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်ပြီး ပလေယာဘာရာကိုအာမှ ပျံသန်းလာစဉ် ဟာဗားနားမြို့တော်အပြင်ဘက် အတ်တီမီဆာဒေသမှာ ဧပြီ ၂၉ ရက်က ပျက်ကျခဲ့ကြောင်း သိရပါတယ်။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ လေယာဉ်ပျက်တဲ့နေရာဟာ ဟာဗားနားမြို့အနောက်ဘက် မိုင် ၅၀ အကွာရှိ လိုမာဒီလာပီမီယန်တာ တောင်တန်းဖြစ်ကြောင်း သိရပါတယ်။

လေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်း အပါအဝင် ကျူးဘားစစ်ဘက်ဝန်ထမ်း ၈ ဦး လိုက်ပါသွားခဲ့ကြောင်း ကျူးဘားစစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။ ကျူးဘားမှာ အဆိုးရွားဆုံး လေယာဉ်ပျက်ကျမှုအဖြစ် ၂၀၁၀ ခုနှစက Aero Caribbean လေကြောင်းလိုင်းမှလေယာဉ် ပျက်ကျပြီး မီးလောင်မှုဖြစ်ခဲ့ရာ လိုက်ပါလာသူ ၆၈ ဦးလုံး သေဆုံးခဲ့ဖူးပါတယ်။

Source & Photo: BBC:Duwun

No comments:

Post a Comment