Latest News

Monday, April 10, 2017

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့၌ လျှပ်စစ်မီးလုံးဝပြတ်တောက်ခြင်းမရှိ ဓာတ်အားပေးသွားမည်

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့၌ လျှပ်စစ်မီးလုံးဝပြတ်တောက်ခြင်းမရှိ ဓာတ်အားပေးသွားမည်

ရန်ကုန် ဧပြီ ၉

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ရတနာသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း၏ Partial Shut-down လုပ်ငန်းဆောင်ရွက်မှုများအား ဧပြီ ၁ဝ ရက်မှ ၁၄ ရက်အထိ မူလကြေညာထားသော်လည်း ထို Shut down ကာလအတွင်း ပြည်သူများအား လျှပ်စစ် ဓာတ်အား လုံးဝ(လုံးဝ)ပြတ်တောက်ခြင်းမရှိဘဲ ဓာတ်အားပေးသွားမည်ဟု ပြန်လည်အသိပေး ပန်ကြားထားကြောင်း သိရသည်။

ထိုသို့Shut down လုပ်ငန်းဆောင်ရွက်စဉ် ရတနာသဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့ကုဗ ပေသိန်း ၁၂ဝ ပေးပို့ထားမည်ဖြစ်ပြီး ကုန်းတွင်း သဘာဝဓာတ်ငွေ့နှင့် ဇောတိက သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများအား ထပ်မံတိုးမြှင့်ဖြန့်ဖြူးပေးထား မည်ဖြစ်သောကြောင့် သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ တစ်နိုင်ငံလုံး ၆ဝ မဂ္ဂါဝပ်မှ ၇ဝ မဂ္ဂါဝပ်ခန့်သာ လျှပ်စစ်ဓာတ်အားပမာဏလျော့နည်းသွားမည်ဖြစ်သည်။

ထို့အပြင် သင်္ကြန်ကာလအတွင်း စက်ရုံ၊ အလုပ်ရုံများပိတ်ထားသဖြင့် ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်းမှာပင် ဓာတ်အားအသုံးပြုမှု လျော့နည်း သွားမည့် ဓာတ်အားပမာဏမှာ အနည်းဆုံး မဂ္ဂါဝပ် ၂၅ဝ ရှိသောကြောင့်Shut down ကာလအတွင်း ပြည်သူများအား လျှပ်စစ်ဓာတ်အားလုံးဝ(လုံးဝ) ပြတ်တောက်ခြင်းမရှိဘဲ ဓာတ်အားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သန်းဌေး(ဒလ)ပြန်/ဆက်

No comments:

Post a Comment