Latest News

Thursday, April 20, 2017

အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်ရုပ်သိမ်းရေး အမေရိကန် စတင်သုံးသပ်

အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်ရုပ်သိမ်းရေး အမေရိကန် စတင်သုံးသပ်

ဝါရှင်တန် ဧပြီ ၁၉

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်အစိုးရသည် ၂ဝ၁၅ ခုနှစ် နျူကလီးယားသဘောတူညီမှု တစ်စိတ်တစ်ပိုင်းဖြစ်သည့် အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်ရုပ်သိမ်းရေးကို စတင်သုံးသပ်နေပြီဖြစ်သည်။

အဆိုပါနျူကလီးယားသဘောတူညီမှုတွင် အီရန်နိုင်ငံက ၎င်း၏ ကတိပေးမှုများနှင့်ပတ်သက်၍ အလျှော့ပေးလွန်းနေသည်။ သို့သော် အီရန်နိုင်ငံသည် အကြမ်းဖက်သမားများကို အထောက်အပံ့ပေးနေသည့် နိုင်ငံအဖြစ်လည်း စိုးရိမ်ရသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က ဧပြီ ၁၈ ရက် ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားသည်။ သဘောတူညီချက်ကို ပြန်လည်သုံးသပ်ပြီး အမျိုးသားလုံးခြုံရေးအကျိုးစီးပွားအတွက် အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများရုပ်သိမ်းရေးကို ဆိုင်းငံ့ထားရန် သမ္မတထရန့်က အမျိုးသားလုံခြုံရေးကောင်စီကို အမိန့်ပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂ဝ၁၅ ခုနှစ် အမေရိကန်နှင့် အခြားအင်အားကြီး ငါးနိုင်ငံတို့က အီရန်နှင့် နျူကလီးယားသဘောတူညီချက်ရရှိခဲ့သည်။ အဆိုပါစာချုပ်တွင် အမေရိကန်နှင့် အင်အားကြီးနိုင်ငံများက အီရန်နိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို ရုပ်သိမ်းပေးလျှင် အီရန်နိုင်ငံက ၎င်း၏ နျူကလီးယား အစီအစဉ်ကို ထိန်းချုပ်ကန့်သတ်သွားရန် သဘောတူညီခဲ့သည်။

အိုဘားမားအစိုးရက အီရန်နျူကလီးယားသဘောတူညီချက်နှင့် ပတ်သက်သည့် အရေးယူပိတ်ဆို့မှုများကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင် ရုပ်သိမ်းပေးခဲ့သည်။ ထရန့်သည် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးစဉ်ကာလကတည်းက အီရန်နျူကလီးယား သဘောတူစာချုပ်အရေးကိစ္စကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူဖြစ်သည်။ အကယ်၍ အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်မည်ဆိုလျှင် နျူကလီးယားသဘောတူစာချုပ်ကို ချိုးဖောက်သည့်လုပ်ရပ်အဖြစ် အီရန်နိုင်ငံက ပြစ်တင်ရှုတ်ချသွားဖွယ်ရှိသည်။

အင်န်အိတ်ခ်ျကေ
M O I

No comments:

Post a Comment