Latest News

Wednesday, April 12, 2017

အကျဉ်းထောင်စခန်း အသီးသီးမှ အကျဉ်းသူ အကျဉ်းသား ၁၈၀၀ ကျော်ကို အထူးလျှော့ရက်ဖြင့် ပြန်လွှတ်ပေး

အကျဉ်းထောင်စခန်း အသီးသီးမှ အကျဉ်းသူ အကျဉ်းသား ၁၈၀၀ ကျော်ကို အထူးလျှော့ရက်ဖြင့် ပြန်လွှတ်ပေး

အထူးချုပ်ရက်ဖြင့် ပြန်လွှတ်ပေးရာတွင် ပါဝင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းကို အင်စိန်အကျဉ်းထောင်မှ ထွက်လာသည်ကို တွေ့ရစဉ်
အကျဉ်းထောင်စခန်း အသီးသီးမှ အကျဉ်းသူ အကျဉ်းသား ၁၈၀၀ ကျော်ကို အထူးလျှော့ရက်ဖြင့် ယနေ့ (ဧပြီ ၁၂ ရက်) က ပြန်လွှတ်ပေးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံတော်အစိုးရ အနေဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားများအား ပြစ်ဒဏ်ကျခံနေစဉ် စည်းကမ်းလိုက်နာမှု၊ ကောင်းမွန်စွာ နေထိုင်မှုတို့အပေါ် အခြေခံ၍ အကျဉ်းထောင်လက်စွဲ နည်းဥပဒေ အပိုဒ် ၈၄၇ နှင့် ၈၄၈ တို့အရ အထူးလျှော့ရက်များ ခံစားခွင့်ပြုပေးလျက်ရှိကြောင်း၊ ယမန်နှစ် သင်္ကြန်ကာလ မတိုင်မီက အကျဉ်းထောင်စခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူများအနက် စည်းကမ်းလိုက်နာသူ၊ ကောင်းမွန်စွာနေထိုင်သူ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၂၂၈၃ ဦးအား အထူးလျှော့ရက်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။


ယခုနှစ် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလ မတိုင်မီက အကျဉ်းထောင်စခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူများအနက် စည်းကမ်းလိုက်နာသူ၊ ကောင်းမွန်စွာနေထိုင်သူ အကျဉ်းသား၊ အကျဉ်းသူများအား နှစ်သစ်တွင် စိတ်သစ်၊ လူသစ်ဖြင့် ဘ၀သစ်စတင်နိုင်ရန် ရည်ရွယ်၍ အထူးလျှော့ရက်ဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ အထူးလျှော့ရက်ဖြင့် ပြန်လွှတ်ပေးခဲ့သည့် အကျဉ်းသား၊ အကျဉ်းသူများမှာ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကျား ၃၉၁ ဦးနှင့် မ ၆၂ ဦး စုစုပေါင်း ၄၅၃ ဦး၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကျား ၃၅၆ ဦးနှင့် မ ၄၈ ဦး စုစုပေါင်း ၄၀၄ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကျား ၁၃၅ ဦးနှင့် မ ၁၂ ဦး စုစုပေါင်း ၁၄၇ ဦး၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကျား ၁၁၇ ဦးနှင့် မ ၆ ဦး စုစုပေါင်း ၁၂၃ ဦး၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ ကျား ၁၀၁ ဦးနှင့် မ ၇ ဦး စုစုပေါင်း ၁၀၈ ဦး၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကျား ၁၃၉ ဦးနှင့် မ ၃၇ ဦး စုစုပေါင်း ၁၇၆ ဦး၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ ကျား ၃၀ နှင့် မ ၇ ဦး စုစုပေါင်း ၃၇ ဦး၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကျား ၂၅ ဦး၊ ကချင်ပြည်နယ် ဦးစီးမှူးရုံး ၅၃ မှ ကျား ၅၃ ဦးနှင့် မ ၇ ဦး စုစုပေါင်း ၆၀ ဦး၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ ကျား ၈၆ ဦးနှင့် မ ၂၀ ဦး စုစုပေါင်း ၁၀၆ ဦး၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကျား ၇၀ ဦးနှင့် မ ၁၁ ဦး စုစုပေါင်း ၈၁ ဦး၊ ကယားပြည်နယ် ဦးစီးမှူးရုံးမှ ကျား ၆ ဦးနှင့် မ ၁ ဦး စုစုပေါင်း ၇ ဦး၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ ကျား ၃၀ နှင့် မ ၃ ဦး စုစုပေါင်း ၃၃ ဦးနှင့် ကုန်ထုတ်လုပ်ငန်း ဌာနမှ ကျား ၁၁၁ ဦးနှင့် မ ၁၂ ဦး စုစုပေါင်း ၁၂၃ ဦးတို့ဖြစ်ကြောင်း၊ အထူးလျှော့ရက်ဖြင့် ပြန်လွှတ်ပေးခဲ့သည့် စုစုပေါင်း အကျဉ်းသား၊ အကျဉ်းသူ ဦးရေမှာ ကျား ၁၆၅၀ ဦးနှင့် မ ၂၃၃ ဦး စုစုပေါင်း ၁၈၈၃ ဦးတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ အထူးလျှော့ရက်ဖြင့် ပြန်လွှတ်ပေးခဲ့သည့် အကျဉ်းသားများတွင် ဆက်သွယ်ရေးဥဒေပုဒ်မ ၆၆(ဃ)ဖြင့် ထောင်ဒဏ် ခြောက်လ ကျခံနေရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းလည်း ပါဝင်ကြောင်း သိရသည်။

ဦးမျိုးရန်နောင်သိမ်းသည် လူမှုကွန်ရက် စာမျက်နှာ ဖေ့ဘွတ်ခ်ပေါ်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား အသရေဖျက်သည့် စာများ ရေးသားခဲ့သဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ်ကာ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆ (ဃ)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၅ လကြာ စစ်ဆေးခဲ့ပြီးနောက် ပြစ်မှုထင်ရှားသည့်အတွက် ကမာရွတ်မြို့နယ် တရားရုံးက ဧပြီ ၇ ရက်တွင် ချုပ်ရက်ထုတ်နုတ်ခံစားခွင့်ပြုကာ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့သည်။

ယင်းအမှုဖြစ်စဉ်မှာ Myo Yan Naung Thein ဖေ့ဘွတ်အကောင့်မှ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို အသရေဖျက်သည့် စာများ ရေးသားခဲ့သဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ်၍ အောက်တိုဘာ ၃၁ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါအမှုကို ကမာရွတ်မြို့မ ရဲစခန်းမှ(ပ) ၆၂၄/၂၀၁၆၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခဲ့ပြီး ဦးမျိုးရန်နောင်သိမ်းကို နိုဝင်ဘာ ၃ ရက်တွင် ဗဟန်းမြို့နယ် ယုဇနဟိုတယ်၌ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

Eleven Medai Group

No comments:

Post a Comment