Latest News

Wednesday, April 12, 2017

မူးယစ်ဆေးဝါးသုံးသူတွေကို ထောင်မချတော့ဘဲ ရေမြောင်းတူး အိမ်သာကျင်းတူးတာမျိုးတွေပဲခိုင်းပြီးအပြစ်ဒဏ်ပေးမယ်ဆိုတဲ့ ဥပဒေပြုစုထားတယ်လို့သိရပါတယ်

မူးယစ်ဆေးဝါးသုံးသူတွေကို ထောင်မချတော့ဘဲ ရေမြောင်းတူး အိမ်သာကျင်းတူးတာမျိုးတွေပဲခိုင်းပြီးအပြစ်ဒဏ်ပေးမယ်ဆိုတဲ့ ဥပဒေပြုစုထားတယ်လို့သိရပါတယ်

ရည်ရွယ်ချက်ကတော့ မူးယစ်ဆေးသုံးသူတွေကို ထောင်ချလိုက်လို့ရှိရင် အညွန့်တုံးပြီး ဘဝနစ်မွန်းသွားမှာကို မလိုလားတဲ့အတွက်ကြောင့် သူတို့အတွက်ရော အစိုးရအတွက်ပါအကျိုးမရှိတဲ့ အပြစ်ပေးမှုတခုဖြစ်သွားတယ်လို့ ယူဆတဲ့အတွက်လို့ပြောပါတယ်။

ဒါပေမယ့်လဲ အခြားတဖက်ကကြည့်ရင် ဒီလိုမပြင်းထန်တဲ့ "ပြစ်ဒဏ်"ကြောင့် တခါမှဆေးမသုံးဖူးတဲ့လူငယ်တယောက်ကို သူ့ဘဝမှာ ဆေးစသုံး စမ်းသုံးကြည့်ဖို့ ပိုပြီးတော့အားပေးသလိုဖြစ်နေမယ်လို့ထင်ပါတယ်။ နေရာတကာမှာ အကြောက်တရားနဲ့ထိန်းချုပ်တာမကောင်းလှပေမယ်လို့ ဒီလို လူညွန့်တုံးဘဝပျက်စေမယ့် ကိစ္စမျိုးမှာ ပြင်းထန်တဲ့ အပြစ်ဒဏ်ကို ကြောက်ပြီးမစမိ မလုပ်မိရင် ရမယ့်အကျိုးအမြတ်က အကြောက်တရားနဲ့ထိန်းချုပ်ဖို့ တန်တယ်လို့ ထင်ပါတယ်။

တကယ်လုပ်သင့်တာက ထောင်တွေမှာ အကျဉ်းသားတွေကို အုပ်ချုပ်ဆက်ဆံပုံတွေ အပြစ်ဒဏ်ကျနေစဉ်အတွင်း ဆေးစွဲသူတွေကို ဆေးဖြတ်ကုသမှုတွေထိထိရောက်ရောက်ပေးပြီး စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေးတွေ ထိထိရောက်ရောက်လုပ်ပေးဖို့ ပြောင်းလဲရပါမယ်။

ဒါ့အပြင် လူ့ပတ်ဝန်းကျင်က ထောင်ထွက်တွေကို (အမှန်အမြင်မှန်ရတဲ့လူတွေကို) ပြန်လည်လက်ခံပြီး လူ့အသိုက်အဝန်းထဲပြန်လည် ကြိုဆိုဖို့ စတဲ့အပိုင်းတွေကို ပြုပြင်ပြောင်းလဲပေးရမယ်ထင်ပါတယ်။

ဒီလိုမူးယစ်ဆေးသုံးသူတွေကို ပြုပြင်ပြောင်းလဲရေးအဓိကထားဆောင်ရွက်ဖို့ အစီအစဉ်တွေဆွဲသလို တဖက်မှာလည်း တော်ရုံတန်ရုံ အပေါင်းအသင်းကဆွယ်လို့ပဲဖြစ်ဖြစ် စိတ်လေပြီး မူးယစ်ဆေးကို စမ်းကြည့်ချင်သူလူငယ်တွေကို ပြင်းထန်တဲ့ ထောင်ဒဏ်/ငွေဒဏ်တွေနဲ့ တော်ရုံတန်ရုံ မလုပ်ရဲအောင် မစရဲအောင်ထိန်းချုပ်ကြပ်မတ်ထားသင့်ပါတယ်။

မူးယစ်ဆေးသုံးမှု မရှိသလောက်နည်းတဲ့ စင်ကာပူမှာ ဘိန်းဖြူ ဆေးခြောက် စိတ်ကြွဆေး သုံးစွဲသူတွေကို ထောင်ဒဏ် ၁၀ နှစ်အထိချနိုင်ပါတယ်။
ဒဏ်ငွေ $20000 (ကျပ်သိန်း၂၀၀ နီးပါး) အထိ ချနိုင်ပါတယ်။ ကော်ရှုသူတွေကိုသာ ၆လအထိပဲထောင်ချနိုင်ပါတယ်။ ထောင်ထဲမှာလဲ အထက်ကပြောခဲ့တဲ့ ကုသရေး ပြုပြင်ပြောင်းလဲရေးတွေကို ဖိဖိစီးစီးလုပ်ပါတယ်။ သယ်ယူရောင်းချသူတွေကိုတော့ သေဒဏ်ပေးတာများပါတယ်။

ဒါကြောင့်မို့လို့ ဒီမူးယစ်ဆေးကိစ္စမှာ သုံးစွဲသူတွေကို ထောင်မချမယ့်ဥပဒေဟာ ကောင်းကျိုးထက်ဆိုးကျိုးသာပိုများလာမယ့်ဥပဒေလို့ မြင်မိပါတယ်။
Naing Tun
<<Crd>>

No comments:

Post a Comment