Latest News

Tuesday, April 11, 2017

ယေဘူယျဆန်ဆန်မဟုတ်ပဲ သတ္တိရှိရှိ အချက်အလက်တိကျစွာတင်ပြရန် တိုင်းဝန်ကြီးချုပ်ပြော

ယေဘူယျဆန်ဆန်မဟုတ်ပဲ သတ္တိရှိရှိ အချက်အလက်တိကျစွာတင်ပြရန် တိုင်းဝန်ကြီးချုပ်ပြော


မတ်လအတွင်းပြုလုပ်သည့် လွတ်တော်ပဉ္စမပုံမှန်အစည်းအဝေးတွင် ဆွေနွေးသည့် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ နှင့် သက်ဆိုင်ရာဝန်ထမ်းများ၏းမမှန်မကန် လုပ်ရပ်များကို အစိုးရအဖွဲ့ ထိမ်းကျောင်းကြတ်မတ်ရေး အဆိုနှင့်ပတ်သတ်၍ ဆွေးနွေးရာတွင် ကိုယ်စားလှယ်များက အကျင့်ပျက်သည့် ၀န်ထမ်းအုပ်ချုပ်ရေး မှူး အအမည် အချက်အလက် အတိကျကို ထုတ်ဖော်မဆွေးနွေးပဲ ယေဘုယျဆန်ဆန် ဆွေးနွေးမှုအပေါ်ယင်းသို့  ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကျွန်တော် တိုင်းဒေသကြီးလွတ်တော် ဥက္ကဌကိုပြောလိုက်တယ် ခင်ဗျားလွတ်တော်ကိုယ်စားလှယ်တွေ သတ္တိရှိဖို့လိုတယ်လို့ ဘာဖြစ်လို့ လဲဆို သူတို့ မပြောရဲ ဘူးလေ အားနာလို့ တဲ့  အဲ့ ဒါမင်းတို့ အားနာစရာမလိုဘူးလို့  ဒီလိုပဲပြောလိုက်တယ်   လို့  ၀န်ကြီးချုပ်ကပြောသည်။
အချက်အလက်အတိကျ ရရှိပြီ အကျင့်ပျက်ချစားမှုမှန်ကန်လျင် ၀န်ကြီးချုပ်နေနှင့် ၀န်ထမ်းစည်း မျဉ်းစည်းကမ်းများအရအရေးယူမှုပြုလုပ်ရန် အားခဲ ထားခြင်းဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့ နယ်က ဌာနဆိုင်ရာ ၀န်ထမ်းတစ်ချို့ အပါဝင်ရဲ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ တရားရေးဝန်ထမ်းတွေကို ကို အစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီကဧပြီလ (၇)ရက်နေ့ မှာ ပြင်းပြင်းထန်ထန် သတိပေးထားသည်။
ဝန်ထမ်းတွေက သိပ်အရေးကြီးပါတယ် အစိုးရကပေးတဲ့ လစာ မဟုတ်ပါဘူး ပြည်သူတွေပေးတဲ့ လစာပါ ဒါ့ကြောင့်မလို့  ပြည်သူသာလျှင် အမိ ပြည်သူသာလျှင် အဖဆိုတာ သတိထားပါ ပြည်သူပေးတဲ့ လစာယူထားတဲ့ ဝန်ထမ်းတွေ တာန်ကျေပြွန်အောင်လုပ်ပါ တကယ်လို့ တာဝန်မကျေရင်တာဝန်မကျေတဲ့ သူဝန်ထမ့်းနာမည်ကို့ အသေအချာတိုင်ပါ အရေးယူမယ်လို့  ၄င်းကပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီအစိုးရအဖွဲ့ အနေနဲ့  အဂတိတိုက်ဖျက်ရေးလုပ်ငန်းနဲ့ ဝန်ထမ်းတွေ  အကျင့်စာရိတ္တကို အခြေခံ ပြီးတိုးတက်ပြောင်းလဲလာအောင် လုပ်မယ်လို့  အစိုးရဖြစ်စဉ်တည်းကကြွေးကြော်ထားတာပါ။
အကျင့်ပျက်ချစားပြီးလာဘ်စားမှုရှိသော ၀န်ထမ်းများကိုလည်း ပြည်သူတွေအနေနှင့်အထောက်အထားတိတိကျကျနှင့်တိုင်ကြား၍ မှန်ကန်ကြောင်းပေါ်ပေါက်လျင်အရေးယူမည်ဖြစ်ကြောင်းလည်းပြည်သူတွေကို ၀န်ကြီးချုပ်က တွေ့ ဆုံပွဲတွေမှာ မကြာခဏ ပြောကြားခဲ့ တာတွေရှိပါတယ်

Myo  Min  Paing

No comments:

Post a Comment