Latest News

Thursday, April 20, 2017

အီဂျစ်တွင် နှစ်ပေါင်း ၃၅၀၀ ခန့်က မံမီရုပ်အလောင်းများနှင့် ရှေးဟောင်းရုပ်တုငယ် ထောင်ချီတွေ့ရှိ

အီဂျစ်တွင် နှစ်ပေါင်း ၃၅၀၀ ခန့်က မံမီရုပ်အလောင်းများနှင့် ရှေးဟောင်းရုပ်တုငယ် ထောင်ချီတွေ့ရှိ

အီဂျစ်နိုင်ငံတောင်ပိုင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀၀ လောက်က မံမီရုပ်အလောင်း ၈ ခုနဲ့ ရှေးဟောင်းရုပ်တုငယ် ထောင်နဲ့ချီ ရှာဖွေတွေ့ ရှိခဲ့တယ်လို့ အီဂျစ်ရှေးဟောင်းသုတေသန ပညာရှင်တွေက ပြောပါတယ်။
လူဇာ (Luxor) မြို့နားက ရှေးဟောင်းသင်္ချိုင်းတခုကို ရှာဖွေတူးဖော်ကြ ရင်း တွေ့ရှိခဲ့တာလို့ အီဂျစ်အာဏာပိုင်တွေက ပြောပါတယ်။

အနုပညာမြောက် တန်ဆာဆင်ထားတဲ့ ခေါင်းတလား ၁၀ ခုနဲ့ မံမီရုပ် အလောင်း အနည်းဆုံး ၈ ခုတွေ့ရှိခဲ့ပြီး မံမီရုပ်အလောင်းတခုဆိုရင် သစ်သားမျက်နှာဖုံးနဲ့ တရိုတသေ ဌာပနာထားတာပါ။

မံမီရုပ်တွေနဲ့အတူ တွေ့ရှိခဲ့တဲ့ မြေအိုးတလုံးပေါ်မှာ ရေးသားထားတဲ့ နာမည်အရ အဲဒီ မံမီရုပ်အလောင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀၀ အီဂျစ်အင်ပါယာခေတ်က တရားသူကြီးတဦးရဲ့ ရုပ်အလောင်းလို့ ယုံကြည်ရကြောင်း ပြောဆိုပါတယ်။

တူးဖော်ရှာဖွေမှုအတွင်း ရုပ်တုငယ် တထောင်ကျော်လည်း တွေ့ရှိခဲ့ပြီး ဘုရင်တပါးမဟုတ်ဘဲ အခုလောက် ရုပ်တုငယ် အများအပြား ရှာဖွေတွေ့ရှိတာ ရှားရှားပါးပါးပဲလို့လည်း အီဂျစ်အာဏာပိုင်တွေက ပြောပါတယ်။

ဒီမံမီရုပ်တွေနဲ့ ရှေးဟောင်းပစ္စည်းတွေကနေ အဲဒီအချိန်ကာလက လူတွေကို ဘယ်လိုသင်္ဂြိုဟ် မြှုပ်နှံကြတယ်ဆိုတာ ပိုပြီး လေ့လာသိရှိခွင့်ရ မယ်လို့လည်း အီဂျစ်ရှေးဟောင်းသုတေသန ပညာရှင်တွေက ပြောပါ တယ်။DVB

No comments:

Post a Comment