အင်္ဂလန်တွင် အ၀ါရောင်ကား အစီးရေ ၁၀၀ စုဝေး
လှပသော မြင်ကွင်းတစ် ခုကို အနှောင့်အယှက်ဖြစ်စေသ ဖြင့် ဖျက်ဆီးခံရသော ကားတစ်စီးကို ထောက်ခံအားပေးသည့် အနေဖြင့် အင်္ဂလန်နိုင်ငံတွင် အ၀ါရောင်ကားသမားများ စုဝေးခဲ့ ကြသည်။
အဆိုပါစုဝေးမှုတွင် အ၀ါ ရောင်ကားအမျိုးအစားစုံလင်စွာ အစီးရေ ၁၀၀ အထိ ပါဝင်ခဲ့ပြီး ဘီဘယ်ရီကျေးရွာ၏ လမ်းမများ ပေါ် မောင်းနှင်လာကြသည်။
(၁၄)ရာစုနှစ်က တည်ထောင်ခဲ့သည့် Arlington Rowဒေသတွင် အသက် (၈၄)နှစ်အ ရွယ် ပီတာမာဒို့ဇ်သည် ၎င်း၏အ၀ါရောင်ကားတစ်စီးကို နေအိမ်ရှေ့ ၌ ပုံမှန်ရပ်ထားရာမှ ဖျက်ဆီးခံ ရခြင်းဖြစ်သည်။
အဆိုပါဒေသသို့ ကမ္ဘာလှည့်ခရီးသည်များ လာရောက်သော အခါ နောက်ခံရှုခင်းများကို ဓာတ်ပုံရိုက်ရာ၌ မာဒို့ဇ်၏ အ၀ါရောင် ကားသည် အနှောင့်အယှက်ဖြစ် သည်ဟု စောဒကတက်ခံရလေ့ ရှိသည်။
မာဒို့ဇ်၏ အ၀ါရောင်ကား သည် တန်ဖိုးရှိကြောင်း ပြသရန် ပွဲစီစဉ်သူ မာတီဘီးက စနေနေ့ တွင် ဗင်ကားများ၊ ဇိမ်ခံကားများ နှင့် ရှေးဟောင်းကားများအပါအ ၀င် အ၀ါရောင်ကားများကို စုဝေး ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အ၀ါရောင်ကားများ စုဝေးမှုသည် အံ့အားသင့်ဖွယ် ကောင်းခဲ့ပြီး တစ်နိုင်ငံလုံးရှိ လူများလည်း စိတ်ဝင်စားခဲ့ကာ ၎င်းတို့ အဖွဲ့သို့ လာရောက်ပူးပေါင်း ရန် ကမ္ဘာတစ်ဝန်း လျှောက်ထား မှုများရှိကြောင်း မာတီဘီးကပြောသည်။
‘‘ဒီမှာ သုံးဘီးကား၊ မီနီကား ကနေ ပြိုင်ကားတွေအထိ အကုန် ရှိနေပါတယ်။ ဒီလိုတစ်နေရာ တည်းမှာ ဒီလောက်များတဲ့ အ၀ါ ရောင်ကားတွေ တစ်ခါမှ မတွေ့ ဖူးဘူး’’ဟု ၎င်းကဆက်လက်ပြော သည်။
7Day News
Monday, April 3, 2017
အင်္ဂလန်တွင် အ၀ါရောင်ကား အစီးရေ ၁၀၀ စုဝေး
Reviewed by Ar Ti
on
8:36 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment