Latest News

Sunday, April 23, 2017

တနင်္သာရီ လွှတ်တော်အမတ် ရဲမြင့်ဆွေ ဘာကြောင့် ပါရိုက်တာလဲ

တနင်္သာရီ လွှတ်တော်အမတ် ရဲမြင့်ဆွေ ဘာကြောင့် ပါရိုက်တာလဲ

၂၃..၄..၁၇

လိုင်းပေါ်မှာ လွှတ်တော်အမတ် ပါးရိုက်တဲ့ ကိစ္စကို ဖွတ်တွေက အခွင့်ကောင်းယူပြီး  ပြောနေကြတာ ဘာမှဘုမသိဘမသိ  တနင်္သာရီတိုင်း စကား ဘာမှမနာမလည်ဘဲ့ဆရာကြီး တွေလိုလို ဘာလိုလိုနဲ့ပြောနေကြတာ မြင်လို့ ထပြောလိုက် တာ။

ပါးရိုက်ခံရတဲ့ ကောင် ဒီရွှာသားလဲမဟုတ်သလို ရိုးရိုးသာမန် အရပ်သားလဲလုံးဝမဟုတ်ပါဘူး။

အဲဒီ ပါးရိုက်ခံရတဲ့ ( ထွန်းလှ ) ဆိုသူက ၂၀၁၂ တုန်းက nld ပါတီဝင်ပဲ ၂၀၁၃ မှာ ဘာသာရေး ကိစ္စပြဿနာဖြစ်အောင် ဖန်တီးလို့ ပါတီက ဖြေရှင်းဖို့ ခေါ်တော့ လာမရှင်းပဲ ထွက်သွားတယ်၂၀၁၅ မှာလည်း USDP အောင်နိုင်ရေးအတွက် လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

အခုလဲ တံခါးကွင်းကိစ္စမှာ စာချုပ်ပါအတိုင်း သစ်မဟုတ်ဘဲ့ အပေါစား
သစ်တွေသုံးပြီး ဆောက်ထားတာကို တာဝန်ရှိလွှတ်တော် အမတ်ကို
ရွှာခံတွေက တိုင်တော့ ဆောက်လုပ်ရေး လက်သမားကို ခေါ်ရှင်း
နေချိန်မှာ သူကကြားကနေ သစ်သူခိုးတွေနဲ့ အလိုတူအလိုပါ ပြောတဲ့ အပြင် ဒါကိုပြန်ပြောတဲ့ မိန်းကလေးတစ်ယောက်ကို လူပုံအလယ်မှာ ပုဆိုးကိုင်ပြီး ( လှန်ပြ ) တော့ nld လွှတ်တော်အမတ် ကိုရဲ့မြင့်ဆွေ က နရင်းထအုပ် ပေးလိုက်တာပါ။

အခု နရင်းအုပ်တဲ့ လွှတ်တော်အမတ်က( လူမှန် )တနင်္သာရီတိုင်း
ဝန်ကြီးချုပ် ခရိုနီတွေ လုပ်တဲ့ အိမ်ရာ ဖွင့်ပွဲ ဖဲးကြိုးဖြတ်တဲ့ ပွဲတက်တာ
စီလုံးဌါး လေယာဉ်နဲ့ သွားတာကို ပေါ်တင်ဝေဖန်တဲ့ အမတ်ပါ။

အခုပါးရိုက်ခံထိတဲ့ ကောင်က nld သစ္စာဖောက် လောက်အောင် လက်ရှိကြံဖွတ် သစ်သူခိုးတွေနဲ့ ပေါင်းပြီး ရွှာသားမဟုတ်ဘဲ့ စောက်လူပေါင်း လာဝလို့ နရင်းအုပ်ခံရတာ ( နည်းတောင်
နည်းသေးတယ်)

အဲဒီအကို သတင်းစာရှင်းလင်းပွဲ လုပ်ပါလိမ့်မယ် သူဘက်မှာ ဘယ်ကောင်မှမရှိချင်နေ ကျုပ် ရှိတယ် အခုကိစ္စ လူအရှေ့မှာ
မိန်းမတစ်ယောက်ကို ( ပုဆိုးလှန်ပြ )တဲ့ ကောင်ကို နရင်းမအုပ်လို့ ထိုင်ရှိခိုးရမှာလား ပြောစမ်း
==========
Credit
ဧပရယ်မောင်မောင်

No comments:

Post a Comment