Latest News

Saturday, April 15, 2017

မဟာသင်္ကြန်အတက်နေ့ ရန်ကုန်မြို့မှာ လမ်းလျှောက် ရေပက်ကစားတဲ့ အစီအစဉ်တစ်ခု ပြုလုပ်မည်

မဟာသင်္ကြန်အတက်နေ့ ရန်ကုန်မြို့မှာ လမ်းလျှောက် ရေပက်ကစားတဲ့ အစီအစဉ်တစ်ခု ပြုလုပ်မည်


မဟာသင်္ကြန်အတက်နေ့ (မနက်ဖြန်) မှာပြုလုပ်မယ့် အားလုံးပါဝင်ပြီး လမ်းလျှောက်ရေပက်ကြတဲ့ Yangon Splash Walk မှာ Open Stage နဲ့ ဖျော်ဖြေရေး အစီအစဉ်တွေ ပါဝင်မယ်လို့ သိရပါတယ်။ အတက်နေ့ ညနေ (၃)နာရီခွဲမှာ မဟာဗန္တုလပန်းခြံ စုရပ်ကနေ ၃၇လမ်း ၊ ၃၈ လမ်း ၊ ဆိပ်ကမ်းသာလမ်း ၊ ၃၉ လမ်း ၊ လမ်း ၄၀ တို့ကို ကုန်သည်လမ်းကနေ ဗိုလ်ချုပ်လမ်းထိပ်ထိ လမ်းလျှောက် ရေပက်ကစား ကြမှာပဲဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ လူတိုင်းအခမဲ့ ပါဝင်နိုင်ပြီး လမ်းတစ်လျှောက်မှာ Open Stage ဖျော်ဖြေရေးအစီအစဉ် ရေဖြည့်နိုင်တဲ့ နေရာတွေနဲ့ ဓာတ်ဆားရည် ၊ အချိုရည်သောက်နိုင်မယ့် နေရာတွေလည်း စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

Ref: Naing Tun
5 Plus News

No comments:

Post a Comment