Latest News

Sunday, April 23, 2017

သင်္ကြန်လွန်ကာလ နေပြည်တော်တွင် စည်းကမ်းပျက်ယာဉ်များ အထူးစစ်ဆေး အရေးယူဆောင်ရွက်

သင်္ကြန်လွန်ကာလ နေပြည်တော်တွင် စည်းကမ်းပျက်ယာဉ်များ အထူးစစ်ဆေး အရေးယူဆောင်ရွက်


နေပြည်တော် ဧပြီ ၂၃

နေပြည်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေး၏ လမ်းညွှန်မှုဖြင့် စည်းကမ်းမဲ့ယာဉ်များအား အထူးစစ်ဆေး အရေးယူဆောင်ရွက်မှုကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် ဧပြီ ၂၃ ရက်က အဖွဲ့လေးဖွဲ့ဖြင့် စစ်ဆေးအရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အမှတ်(၁) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဒုတပ်ဖွဲ့ခွဲ (နေပြည်တော်)၊ အမှတ်(၁)တပ်ဖွဲ့စု ဇမ္ဗူသီရိမြို့နယ်မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ဇော်မင်းသိန်း၏ ဦးဆောင်မှုဖြင့် ရဲအုပ်ဇင်အောင်လင်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝင်များသည် ဇမ္ဗူသီရိမြို့နယ် 3D ရုပ်ရှင်ရုံရှေ့တွင်လည်းကောင်း၊ တပ်ဖွဲ့(၅) ဇေယျာသီရိမြို့နယ်မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်ကျော်ကျော်နှင့် တပ်ဖွဲ့ဝင်များသည် ပျဉ်းမနား-တောင်ညိုလမ်းမကြီး၏ သပြေကုန်းအဝိုင်းနှင့် ပရဆေးဥယျာဉ် ကြားတွင်လည်းကောင်း၊ ရဲအုပ်အောင်မျိုးထက်နှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များသည် Junction Centre အနီးတွင်လည်းကောင်း၊ ဒုရဲအုပ် ဇူလိုင်ထွန်းနှင့် တပ်ဖွဲ့ဝင်များသည် မဏိရတနာကျောက်မျက်ပြတိုက်ရှေ့တွင် လည်းကောင်း မော်တော် ကား၊ မော်တော်ဆိုင်ကယ်များအား ရပ်တန့်၍ ယာဉ်စည်းကမ်းနှင့် ပတ်သက်သည့် အချက်အလက်များကို စစ်ဆေးခြင်း၊ မော်တော်ကားမောင်းနှင်သည့် ယာဉ်မောင်းများအား ခါးပတ်ပတ်၍ မောင်းနှင်မှု ရှိ၊ မရှိ တို့ကို စစ်ဆေးဆောင်ရွက်၍ လိုက်နာမှုမရှိသော ယာဉ်မောင်းများအား အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ပြန်/ဆက်

No comments:

Post a Comment