Latest News

Sunday, April 2, 2017

အဂတိလိုက်စားတဲ့  ရဲတပ်ဖွဲ့ ဝင်များကိုထိမ်းကျောင်းပြုပြင်သွားမယ်လို့  လွတ်တော်ဥက္ကဌပြော

အဂတိလိုက်စားတဲ့  ရဲတပ်ဖွဲ့ ဝင်များကိုထိမ်းကျောင်းပြုပြင်သွားမယ်လို့  လွတ်တော်ဥက္ကဌပြော  

အဂတိလိုက်စားတဲ့  ရဲတပ်ဖွဲ့ ဝင်များကို လွတ်တော်က ထိမ်းကျောင်းပြုပြင်သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီးလွတ်တော် ဥက္ကဌ ဦးအောင်ကျော်ခိုင်ကပြောပါတယ်

ဒီလိုဝန်ထမ်းတွေကိုကျွန်တော်တို့ ကမီးမောင်းထိုးပြခြင်းအားဖြင့် အစိုးရကသူတိုက်ရိုက်တာဝန်ရှိတဲ့ သူတွေကိုသိအောင်သတိပေးတဲ့ သဘောပါလို့ ဦးအောင်ကျော်ခိုင်ကပြောပါတယ်။

စန်စတစ်ခုအောက်မှာ နေထိုင်လာကြရတဲ့ ဝန်ထမ်းအချို့ ဖြစ်နေတဲ့ ဒီလို အခြေနေကို ၄င်းအနေနဲ့ အပြစ်မမြင်သော်လည်း ဒီမိုကရေစီအစိုးရလက်ထက်မှာတော့ ၀န်ထမ်းတွေလည်းပြောင်းလဲလာသင့်တယ်လို့  ဦးအောင်ကျော်ခိုင်ကဆိုပါတယ်.။

ဒီလို ဝေဖန်ထောက်ပြမှုဟာ အစိုးရကို ဖိအားပေးတဲ့ သဘောမဟုတ်ပဲ ဖြစ်နေတဲ့ အခြေနေကို ဝေဖန်ထောက်ပြတဲ့ သဘောဖြစ်ကြောင်းလည်း ၄င်းကဆက်ပြောပါတယ်။

လက်ရှိအဂတိလိုက်စားမှုတွေရှိနေတဲ့ ရဲတပ်ဖွဲ့ ဝင်များရဲ့ အခြေနေကိုတော့ အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
လက်ရှိအခြေနေမှာ ဒီလိုအခြေနေတွေကို အစိုးရနဲ့ လွတ်တော် ဟန်ချက်ညီညိပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်.။
လွတ်တော်ရဲ့ တစ်နှစ်အတွင်းမှာ တစ်ချို့ဥပဒေရုံများ ရဲများနှင့်ပညာရေးဝန်ထမ်းအချို့ ကိုလွတ်တော်ကအဆိုတွေ မေးခွန်းတွေနဲ့ ထောက်ပြဝေဖန်တာတွေရှိခဲ့ ပါတယ်။

အောက်ခြေရဲဝန်ထမ်းတစ်ချို့ ကတော့သူတို့ အနေနဲ့  လစာ နဲ့ အထောက်အပံပစ္စည်းတွေ အခက်အခဲရှိတာကြောင့် မိသားစု စားဝတ်နေရေးအခြေနေတွေ ခက်ခဲနေဆဲဖြစ်တယ်လို့ ပြောပါတယ်
Myo  Min Paing

No comments:

Post a Comment