Latest News

Sunday, April 2, 2017

ပေါင်နှစ်သန်းတန်တဲ့ အပျိုစင်ည




ဆယ်ကျော်သက် မော်ဒယ်မလေးတစ်ဦးက သူမရဲ့ အပျိုစင်ညကို လုပ်ငန်းရှင်တစ်ဦးထံမှာ ပေါင်နှစ်သန်း နဲ့ရောင်းချခဲ့ကြောင်း စင်ဒရဲလားအက်စကော့အေဂျင်စီက ကြော်ငြာလိုက်ပါတယ်။

အလက်ဇန်းဒါးကက်ဖရန်ဆိုတဲ့ အသက် ၁၈ နှစ်အရွယ်မိန်းကလေးက သူမရဲ့ အပျိုစင်ည ကို  ဂျာမန်အခြေစိုက် စင်ဒရဲလားအက်စကော့ဆိုတဲ့ အေဂျင်စီကနေ လေလံတင်ရောင်းချခဲ့တာပါ။ ဒီကုမ္ပဏီကတော့ မိန်းကလေးတွေရဲ့ အပျိုစင်ဘ၀ကို လေလံပစ်အရောင်းအ၀ယ်လုပ်နေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

မိန်းကလေးက သူမရဲ့အပျိုစင်ည ရောင်းရငွေကို ရိုမေးနီးယားက မိဘတွေ အတွက် အိမ်ဝယ်ပေးချင်တယ်လို့ဆိုပါတယ်။ သူမရဲ့ အပျိုစင်ဘ၀ကို လေလံပစ်ရောင်းချဖို့ အိုင်ဒီယာကို အသက်၁၅ နှစ်တုန်းကကြည့်ခဲ့တဲ့ Indecent Proposal ဆိုတဲ့ရုပ်ရှင်ကားတကားကနေ အတွေးရတယ်လို့ဆိုပါတယ်။

"ကျမ အသက် ၁၅ နှစ်ကIndecent Proposal ဆိုတဲ့ ရုပ်ရှင်ကိုကြည့်ပြီးတော့ ငါလည်း ငါ့ရဲ့ အပျိုစင်ဘ၀ကို ဒါမျိုးရောင်းချနိုင်တာပဲလို့ တွေးမိတယ်။ နောက် အင်တာနက်မှာလိုက်ကြည့်တော့ တချို့မိန်းကလေးတွေဆိုရင် ပေါင် ၃.၅သန်း နဲ့ အထက်နဲ့တောင် သူတို့ကိုယ်သူတို့ရောင်းချတာတွေ့ရတယ်။ ကျမက အင်မတန်ဆင်းရဲတဲ့နိုင်ငံတစ်ခုမှာ နေတာပါ။ ကျမမိဘတွေကို ကူညီချင်ပါတယ်။သူတို့အတွက် အိမ်လေးတစ်လုံးဝယ်ပေးမယ်"

အမည်မဖော်လိုတဲ့ ဟောင်ကောင်က လုပ်ငန်းရှင်တစ်ဦးက မိန်းကလေးရဲ့ အပျိုစင်ဘ၀ကို ပေါင်နှစ်သန်းနဲ့ ၀ယ်ယူလိုက်ပါတယ်။ သူတို့နှစ်ဦးတွေ့ဆုံကြမယ့်ဟော်တယ်ကိုစီစဉ်ပြီးပြီလို့ဆိုပါတယ်။ မိန်းကလေးနဲ့ လုပ်ငန်းရှင်နဲ့လည်း စကားပြောဆိုခဲ့ကြပြီး အရမ်းဖော်ရွေပုံရတယ်လို့သူမကပြောပါတယ်။ သူတို့နှစ်ဦးတွေ့ဆုံကြမယ့် အချိန်အေဂျင်စီက သူမနဲ့အတူလိုက်ပါမှာဖြစ်တယ်။အကျိုးဆောင်ခအေဂျင်စီက နှစ်ဆယ်ရာနှုန်းရမှာဖြစ်ပါတယ်။

စင်ဒရဲလားအက်စကော့ဆိုတဲ့ အပျိုစင်ဘ၀ရောင်းဝယ်ရေးအေဂျင်စီကို အသက် ၂၆ နှစ်အရွယ် ဂျန်ဇက်ကိုဘီစကီးက ဦးဆောင်နေတာဖြစ်ပါတယ်။ လူပြောသူပြောများတဲ့သူ့အလုပ်နဲ့ပတ်သက်ပြီး
" မိန်းကလေးတွေကို သူတို့မလုပ်ချင်တဲ့ကိစ္စတစ်ခုကို ဘယ်သူကမှအတင်းအကျပ် ခိုင်းလို့မရပါဘူး။
သူတို့မှာ သူတို့ရဲ့ကိုယ်ပိုင်စိတ်နဲ့ လိင်နဲ့ပတ်သက်ပြီး ကိုယ်ပိုင်အမြင်တွေရှိပါတယ်။"

"အပျိုစင် ၃၀၀ လောက်က သူတို့ရဲ့အပျိုစင်ဘ၀ကိုရောင်းချဖို့ ကျနော်တို့ကို ဆက်သွယ်လာပါတယ်။
သြစတြေးလျ၊ဥရောပ၊အာဖရိက တောင်နဲ့မြောက် အမေရိကနဲ့ အာရေဘစ်နိုင်ငံတွေနဲ့အာရှက မိန်းကလေးတွေဖြစ်ပါတယ်။ တစ်စုံတစ်ယောက်က သူ့ရဲ့အပျိုစင်ဘ၀ကို ရောင်းချလိုတဲ့ဆန္ဒဟာ လက်သင့်မခံနိုင်စရာကိစ္စမဟုတ်ပါဘူး" လို့ စင်ဒရဲလားအက်စကော့ အေဂျင်စီက ပြောပါတယ်။

၁၈ နှစ်သမီး အလက်ဇန်းဒါးက "ကျမရဲ့အပျိုစင်ဘ၀ကို  ကျမကို ပစ်ကောင်းပစ်သွားနိုင်မယ့်လက်တွဲဖော်ကိုပေးအပ်တာထက် စင်ဒရဲလားအက်စကော့ကနေရောင်းချချင်ပါတယ်။ မိန်းကလေးအတော်များများမှာ
လည်း ဒီလိုသဘောထားမျိုးရှိမယ်လို့ကျမထင်ပါတယ်။ ပေါင်နှစ်သန်းရနိုင်ခဲ့တဲ့ သူတို့ရဲ့အပျိုစင်ညကိုပြန်ပြောင်းတွေးပြီး  နှမြောတသနေမယ့်သူ ဘယ်နှစ်ယောက်များရှိနေမလဲရှင်"

ဒါပေမယ့်သူမရဲ့မိသားစုကတော့  သူမမျှော်လင့်ထားသလို ဒီလုပ်ရပ်ကို မထောက်ခံခဲ့ပါဘူး။
သူ့ဖခင်တိုနီက အဓိကရုဏ်းနှိမ်နင်းရေးရဲဖြစ်ပြီး မိခင် အယ်လီနာကဆေးခန်းက ဆေးစပ်သမားဖြစ်ပါ
တယ်။ သူမပြောခဲ့သလို သူတို့မှာ ငွေရေးကြေးရေးအခက်အခဲမရှိဘူးဆိုတဲ့အကြောင်း၊သူတို့အဆင်ပြေပြေနေနိုင်တယ်လို့ပြောပါတယ်။ အကယ်၍ လေလံပစ်တဲ့ ကိစ္စကိုဆက်လုပ်မယ်ဆိုရင် သမီးအဖြစ်မှ စွန့်လွှတ်ရလိမ့်မယ်လို့ ဆိုပါတယ်။
ref: thesun
SZ(Time Ayeyar_တိုင်းဧရာ) ဘာသာပြန်သည်။

No comments:

Post a Comment