Latest News

Thursday, April 6, 2017

အစိုးရအကူးအပြောင်းကာလအတွင်း မန္တလေးမြို့ပေါ်ရှိ တန်ဖိုးကြီးမြေကွက် ၇၀ကျော်ကို လူလေးဦးအား ချထားပေးခဲ့ကြောင်း စိစစ်တွေ့ရှိ


Byမောင်တာ

 အစိုးရအကူးအပြောင်း တွင် မန္တလေးမြို့ပေါ်ရှိ တန်ဖိုး ကြီးမြင့်သည့် အများပြည်သူပိုင် မြေကွက်ပေါင်း ၇၂ ကွက်(မြေဧရိယာ ဧက ၁၆၀ ကျော်)ကို လူလေး ဦးအား ချထားပေးခဲ့ကြောင်း စိစစ်တွေ့ရှိခဲ့ရသည်ဟု မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

‘‘လူတစ်ဦးတစ်ယောက် တည်းကို မြေဧက အလွန်များပြား စွာ ချပေးလိုက်ပါတယ်။ ဒီကာလ (အစိုးရအကူးအပြောင်းကာလ) အတွင်းမှာ’’ဟု ဒေါက်တာဇော် မြင့်မောင်က ပြောသည်။

မန္တလေးမြို့ပေါ်ရှိ ဆေးရုံ၊ ကျောင်း၊ အားကစားကွင်းကဲ့သို့ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ အကောင်အထည်ဖော် ရန် လျာထားသည့် မြေကွက်များ၊ ကာလပေါက်ဈေးအရ မြေတန်ဖိုး မြင့်သည့် နေရာများမှ မြေကွက် များကို လူနည်းစုအား ချထားပေး ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

‘‘တစ်ယောက်တည်းက အ များပြည်သူနဲ့ဆိုင်တဲ့ နေရာတွေ အများကြီးရသွားတာကတော့ ဥပဒေကြောင်းအရပဲကြည့်ကြည့် လူမှုရေး ရှုထောင့်အရပဲကြည့် ကြည့် မကောင်းဘူးပေါ့။ တချို့ က တော်တော်များများကို ရသွား တာဖြစ်တယ်’’ဟု ဒေါက်တာဇော် မြင့်မောင်က ပြောသည်။

မြေကွက်အများအပြားရရှိ သည့် လူလေးဦး၏ အမည်ကို ဒေါက်တာဇော်မြင့်မောင်က ထုတ် ဖော်ပြောကြားခြင်း   မရှိသော်လည်း ယခင်အစိုးရနှင့် ရင်းနှီး သော လုပ်ငန်းရှင်ကြီးများဖြစ်နိုင် ကြောင်း မြေကွက်လွှဲပြောင်း ချထားပေးမှုများ ပြန်လည်စိစစ် ရေးကော်မတီတွင် ပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

မြေကွက်များ ဂရန်ချထား လွှဲပြောင်းပေးခဲ့ရာတွင် ကာလ ပေါက်ဈေး ကျပ်သိန်းထောင်ချီ တန်ကြေးရှိသည့် မြေကွက်ကို ကျပ်သိန်း ၁၀၀ ခန့်သာ ပေးသွင်း စေခဲ့သကဲ့သို့ လူတစ်ဦးတည်းက မြေကွက်အများအပြားရရှိခြင်း များ တွေ့ရှိရသည်ဟု ၎င်းက ပြောသည်။ အဆိုပါ မြေယာအလွှဲအ ပြောင်းများနှင့်ပတ်သက်၍ ပြန် လည်စိစစ်သုံးသပ်ရေးကော်မရှင် ၏ အကြံပြုချက်များအတိုင်း မြေ ဂရန်များ ပြန်လည်ပယ်ဖျက်ခြင်း၊ကာလတန်ဖိုးထက် များစွာလျော့ နည်းပေးသွင်းခြင်းများကို မြေဖိုး ငွေ ထပ်မံပေးသွင်းစေခြင်းများ ဖြင့် အဆင့်လိုက် အရေးယူမည် ဟု ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီး နောက် ထိုစဉ်က အာဏာရအစိုး ရသည် ၎င်းတို့အာဏာမလွှဲ ပြောင်းမီ၌ မန္တလေးမြို့ပေါ်ရှိ အများပြည်သူနှင့် သက်ဆိုင်သော မြေကွက်များ၊ အစိုးရ စီမံခန့်ခွဲခွင့် ရှိသော မြေကွက်များကို လူပုဂ္ဂိုလ်များထံသို့ တစ်ဦးတည်းပိုင်မြေ များအဖြစ် ဂရန်များ ချထားခွင့်ပြု ခဲ့သည်။

လက်ရှိ မန္တလေးတိုင်းလွှတ် တော်၏ တိုက်တွန်းချက်အရ တိုင်းဒေသကြီးအစိုးရအဖွဲ့က အဆိုပါ မြေကွက်အလွှဲအပြောင်းများကို ပြန်လည်စိစစ်ခဲ့ရာ မန္တလေးစည် ပင်သာယာနယ်နိမိတ်အတွင်း မြေကွက် ၁၈၀ ခန့်(အကျယ်အဝန်းဧက ၂၀၀ ကျော်)ကို  လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများထံ ချပေးခဲ့သည်ကို စိစစ်တွေ့ရှိရသည်။
http://www.7daydaily.com/story/93596

No comments:

Post a Comment