Latest News

Saturday, April 8, 2017

မိုးပျံ ရထားကြီး စီးပြီး ၁၀၅ နှစ်​ပြည့်​ ​မွေး​နေ့ကို ကျင်းပခဲ့တဲ့ ဘိုးဘိုး

မိုးပျံ ရထားကြီး စီးပြီး ၁၀၅ နှစ်​ပြည့်​ ​မွေး​နေ့ကို ကျင်းပခဲ့တဲ့ ဘိုးဘိုး


ဂျက်​ခ်​ ​ရေးနိုးလ်​ဒ်​ (Jack Reynold) လို့ ​ခေါ်တဲ့ အသက်​ ၁၀၅ နှစ်​အရွယ်​ အင်္ဂလိပ်​အဘိုးအိုက​တော့ သူ့ရဲ့ ၁၀၅ နှစ်​ပြည့်​​မွေး​နေ့ကို ထူးထူးခြားခြားကျင်းပခဲ့ပါတယ်​။

ဒါက​တော့ ​မွေး​နေ့ အထိမ်းအမှတ်​အဖြစ်​ ဖလာမင်းဂိုးလန်းဒ်​ (Flamingo Land)လို့ ​ခေါ်တဲ့ ကစားကွင်းမှာ မိုးပျံရထား (ရိုလာကိုစတာ ) စီးပြခဲ့တာပဲ ဖြစ်​ပါတယ်​။ အဲဒါ​ကြောင့်​ သူဟာ  အသက်​အကြီးဆုံး မိုးပျံရထား စီးသူ အဖြစ်​ စံချိန်​တင်​ခဲ့ပါတယ်​။

ဘိုးဘိုး ဂျက်​ခ်​ဟာ အသက်​အရွယ်​ကြီး​နေ​ပေမယ့်​ စွန့်​စားရတာ ၊ လူငယ်​ဆန်​တဲ့ အလုပ်​​တွေ လုပ်​ပြရတာကို ဝါသနာထုံသူ ဖြစ်​ပါတယ်​။ ပြီးခဲ့တဲ့ နှစ်​ သူ့​မွေး​နေ့ကလည်း ​လက်​​မောင်းမှာ သူ့နာမည်​အတိုးနဲ့ ​မွေးသက္ကရာဇ်​ဖြစ်​တဲ့ (Jacko 6.4.1912) ဆိုတဲ့ စာသားကို ဆေးမင်​​ကြောင်​အထိုးခံခဲ့ပါ​သေးတယ်​။

Ref: CGTN

ကျော်​သန့်​ (ရိုးရာ​လေး)

No comments:

Post a Comment