Latest News

Saturday, April 8, 2017

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ အား ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ရှေ့ကားပါကင်၌ သေနတ်ဖြင့် ပစ်ခတ်မှုတွင် ပူးပေါင်း ပါဝင်ခဲ့သူ တရားခံပြေး အောင်ဝင်းခိုင် အား INTERPOL က အနီရောင် ကြေညာချက် ထုတ်ပြန်ထားရှိ

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ အား ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ရှေ့ကားပါကင်၌ သေနတ်ဖြင့် ပစ်ခတ်မှုတွင် ပူးပေါင်း ပါဝင်ခဲ့သူ တရားခံပြေး အောင်ဝင်းခိုင် အား INTERPOL က အနီရောင် ကြေညာချက် ထုတ်ပြန်ထားရှိ

နေပြည်တော်၊ ဧပြီ ၈

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ပြည်ပ ဆိုက်ရောက် ဂိတ် (၆) ရှေ့၌ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက တရားလွှတ်တော် ရှေ့နေ ဦးကိုနီ အား ကြည်လင်းမှ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့သဖြင့် မင်္ဂလာဒုံ မြို့မ ရဲစခန်း (ပ) ၁၅၀ / ၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အရေးယူ ဆောင်ရွက်ခဲ့သည်။

စစ်ဆေးချက်များ အရ ပြစ်မှု ကျူးလွန်ရာတွင် ပါဝင်ခဲ့သူ တရားခံပြေး အောင်ဝင်းခိုင် (၄၅) နှစ် (ဘ) ဦးအောင်သန်း သည် အမှုမှ ထွက်ပြေး တိမ်းရှောင်လျက် ရှိသဖြင့် ၎င်းအား ဖမ်းဆီးရမိရေး အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အပြည်ပြည် ဆိုင်ရာ ရဲအဖွဲ့ အထွေထွေ အတွင်းရေးမှူး ချုပ်ရုံး (INTERPOL) နှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ရာ ဧပြီ ၇ ရက်တွင် INTERPOL မှ ၄င်းအား အနီရောင် ကြေညာချက် (Red Notice) တရားဝင် ထုတ်ပြန်ထား ရှိကြောင်း သိရှိရသည်။

(ရဲပြန်ကြား)MOI

No comments:

Post a Comment