Latest News

Thursday, April 20, 2017

အမေရိကန်ဒုတိယသမ္မတ ဂျပန်မှ အင်ဒိုနီးရှားသို့ သွားရောက်

အမေရိကန်ဒုတိယသမ္မတ ဂျပန်မှ အင်ဒိုနီးရှားသို့ သွားရောက်


တိုကျို ဧပြီ ၁၉

အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်သည် ဂျပန်နိုင်ငံမှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်သည်။ ၎င်း၏ လေယာဉ်သည် တိုကျိုမြို့အနီး အက်စူဂီ လေတပ်အခြေစိုက်စခန်းမှ ဧပြီ ၁၉ ရက် ညနေပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။

မိုက်ပန့်စ်၏ ဂျပန်နိုင်ငံသို့ နှစ်ရက်ကြာခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ၎င်းတို့နှစ်ဦးက မြောက်ကိုရီးယားနိုင်ငံ၏ ခြိမ်းခြောက်မှုများ တိုးမြှင့်လာမှုအပေါ်ဆွေးနွေးခဲ့ကြပြီး တရုတ်နိုင်ငံအား မြောက်ကိုရီးယားကို ဖိအားပေးရန် တိုက်တွန်းရေး သဘောတူညီခဲ့ကြသည်။

မိုက်ပန့်စ်သည် ဂျပန်ဒုတိယဝန်ကြီးချုပ် တာရိုအာဆိုနှင့်လည်း တွေ့ဆုံခဲ့သည်။ ၎င်းတို့နှစ်ဦးက ပထမဆုံးအကြိမ် စီးပွားရေးဆိုင်ရာ အပြန်အလှန် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။ ဒုတိယအကြိမ် စီးပွားရေးဆိုင်ရာ အပြန်အလှန် ဆွေးနွေးမှုကို ယခုနှစ်ကုန်တွင် ကျင်းပရန် စီစဉ်ခဲ့ကြသည်။

မိုက်ပန့်စ်သည် အင်ဒိုနီးရှားခရီးစဉ်၌ ဧပြီ ၂ဝ ရက်တွင် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုနှင့်တွေ့ဆုံပြီး တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် ဆွေးနွေးသွားမည်ဖြစ်သည်။

အင်န်အိတ်ခ်ျကေ
M O I

No comments:

Post a Comment