ကမ္ဘာ့ပထမဆုံး အမျိုးသမီးသမ္မတ
ကမ္ဘာ့ပထမဆုံးဖြစ် တဲ့ အမျိုးသမီး သမ္မတ ကတော့ အာဂျင်တီးနားနိုင်ငံမှာ ရှိတဲ့ Isabel Martínez de Perόnပဲဖြစ်ပါတယ်။ သူမဟာ အာဂျင်တီးနား နိုင်ငံရဲ့ သမ္မတအဖြစ် ၁၉၇၄ ခုနှစ်ကနေ ၁၉၇၆ ခုနှစ် အထိ သမ္မတ တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ကမ္ဘာ့ပထမဦးဆုံး အမျိုးသမီးသမ္မ တစ်ဦးပဲဖြစ်ပါတယ်။
သူမရဲ့ အမျိုးသားဟာလည်း သမ္မတ Juan Peron ပဲဖြစ်ပါတယ်။ သူမအမျိုးသား ဖြစ်တဲ့ သမ္မတ Juan Peron က ရုံးခန်းထဲမှာပဲ သေဆုံးသွားခဲ့တာဖြစ်တဲ့ အတွက် သူမဟာ သမ္မတအဖြစ်တာဝန်ဆက်လက်ယူခဲ့ပါတယ်။
July 1, 1974 ခုနှစ်ကနေ March 24,1976 ခုနှစ် အထိသာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကမ္ဘာ့ပထမဦး ဆုံး ရွေးကောက်ပွဲကနေ နိုင်ပြီး တက်လာတဲ့ အမျိုးသမီး တစ်ဦးကတော့ Vigdis Finnbogadsttir ပဲဖြစ်ပါတယ်။ သူမက အိုက်စ်လန်းနိုင်ငံရဲ့ အမျိုးသမီးသမ္မတ တစ်ဦးဖြစ်ပါတယ်။ ၁၉၈၀ ကနေ ၁၉၉၆ ခုနှစ် ကြားကာလမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ရွှေမြစ်မခ(အမျိုးသမီးမဂ္ဂဇင်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment