Latest News

Friday, April 21, 2017

အခြေခံပညာအဆင့် အတန်းကူးပြောင်းမှုစာရင်း (အောင်စာရင်း)တွေကို ဧပြီ ၂၃ ရက်နေ့ ထုတ်ပြန်မယ်

အခြေခံပညာအဆင့် အတန်းကူးပြောင်းမှုစာရင်း (အောင်စာရင်း)တွေကို ဧပြီ ၂၃ ရက်နေ့ ထုတ်ပြန်မယ်

"အတန်းကူးပြောင်းမှုစာရင်း"ဆိုတဲ့ အမည် ပြောင်းလဲမှုအပေါ် ပညာရေးဝန်ကြီးဌာနရဲ့ ပညာရေး ပြောင်းလဲမှုမှာ ထိုသို့ အမည်နာမ ပြောင်းလဲခြင်းသာဖြစ်ကြောင်း ပြည်သူအချို့က မေးခွန်းထုတ် သရော်လျက်ရှိတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

ပထမတန်းကနေ ကိုးတန်းအထိ အတန်းကူးပြောင်းမှုစာရင်း (အောင်စာရင်း) တွေကို ဧပြီ ၂၃ ရက်နေ့မှာ ထုတ်ပြန်မယ်လို့ သိရပါတယ်။ တက္ကသိုလ်ဝင်တန်းကလွဲပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းတွေမှာ ထုတ်ပြန်ပေးသွားမှာလည်း ဖြစ်ပါတယ်။

ယခင်က  ကျောင်းစစ်စာမေးပွဲ အောင်စာရင်းတွေကို သင်္ကြန်အပြီး နှစ်ဆန်း (၂)ရက်နေ့မှာ ထုတ်ပြန်လေ့ရှိပေမယ့် အခုနှစ်မှာတော့ သင်္ကြန်ရုံးပိတ်ရက်တွေအပြီး ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်တာ ဖြစ်ပါတယ်။ အောင်စာရင်းအစား အတန်းကူးပြောင်းမှုစာရင်းနာမည်နဲ့ ပြောင်းလဲထုတ်ပြန်တာလည်း ဖြစ်ပါတယ်။

ယခင်နှစ်တွေက စတုတ္ထတန်း ခရိုင်စစ်နဲ့ အဋ္ဌမတန်း တိုင်းစစ် စာမေးပွဲရလဒ်နဲ့သာ အအောင်၊ အရှုံးသတ်မှတ်ခဲ့ရာ ယခုနှစ်ကစပြီး ကျောင်းသားတွေရဲ့ အအောင်၊ အရှုံးကို နောက်ဆုံး စာမေးပွဲရလဒ်၊ နှစ်ဝက် စာမေးပွဲရလဒ်၊ လပတ် စာမေးပွဲရလဒ်၊ ဘက်စုံ အရည်အချင်း အကဲဖြတ် မှတ်တမ်းအရ ဆုံးဖြတ်မှာဖြစ်ပြီး ထိုသို့ ပြောင်းလဲတာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောထားကြောင်း The Voice ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

ယခုနှစ်မှ သင်ရိုးသစ်နဲ့ စတင်ပြောင်းလဲတဲ့ သူငယ်တန်း (KG)မှာ အတန်းတင် စာမေးပွဲစစ်ဆေးမှု မရှိပေမယ့် ကျောင်းသားတွေရဲ့ သင်ယူမှုရလဒ်ကို အကဲဖြတ်ကာ အတန်းကူးပြောင်းပေးမှာဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

"အောင်စာရင်း"  အစား   "အတန်းကူးပြောင်းမှုစာရင်း"ဆိုတဲ့ အမည် ပြောင်းလဲမှုအပေါ် ပညာရေးဝန်ကြီးဌာနရဲ့ ပညာရေး ပြောင်းလဲမှုမှာ ထိုသို့ အမည်နာမ ပြောင်းလဲခြင်းသာဖြစ်ကြောင်း ပြည်သူအချို့က မေးခွန်းထုတ် သရော်လျက်ရှိတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
Photos & Source: DVB Youth Voice , The Voice

No comments:

Post a Comment