Latest News

Thursday, April 6, 2017

ပြည်နည်းပညာတက္ကသိုလ်မှ ဆရာမတစ်ဦးကို သတ်ပြီးနောက် အလောင်းဖျောက်ရန် ကြိုးစားချိန်တွင် ရဲတပ်ဖွဲ့မှဖမ်းမိ

ပြည်နည်းပညာတက္ကသိုလ်မှ ဆရာမတစ်ဦးကို သတ်ပြီးနောက် အလောင်းဖျောက်ရန် ကြိုးစားချိန်တွင် ရဲတပ်ဖွဲ့မှဖမ်းမိ ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်နည်းပညာတက္ကသိုလ် သုတနည်းပညာဌာနမှ အသက်(၄၂)နှစ်အရွယ်ရှိ လက်ထောက်ကထိကဆရာမကို အမျိုးသ မီးတစ်ဦးက သတ်ပြီး အလောင်းကို လိုက်ထရပ်ကားဖြင့် သယ်ဆောင်လာစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါကားကို ဧပြီ ၅ရက်ည ၁၁နာရီခွဲခန့်က ပြည်မြို့၊ ဗိုလ်ချုပ်လမ်းမကြီး စမိုင်းလ်မိုတယ်အနီးတွင် ဖမ်းဆီးမိခဲ့ကြောင်း ပြည်မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

̏ဆရာမကို သတ်တဲ့အမျိုးသမီးက ပြည်မြို့ဆည်မြောင်းဝင်းက အင်ဂျင်နီယာရဲ့ ဇနီးဟောင်းပါ၊ တရားဝင် ကွာရှင်းထား တ ယ်လို့သိရတယ်၊ အခု အသတ်ခံရတဲ့ ဆရာမက လက်ရှိပေါင်းသင်းနေတဲ့ ဇနီး၊ ဇနီးဟောင်းက ပြည်မြို့ကို လာတဲ့အခါ ဆရာမနေတဲ့အိမ်ကို သွားရာက စကားများပြီး သံတူနဲ့ထုသတ်ခဲ့တယ်၊ပြီးတော့ အလောင်းကို ဖျောက်ဖျက်ဖို့သယ်ဆော င်စဉ်မှာ လှည့်ကင်းအဖွဲ့ကနေ ဖမ်းမိခဲ့တာ˝ဟု ပြည်မြို့၊ အမှတ်(၃)ရဲစခန်းမှူးက ပြောသည်။

သံတူနှင့်ထုသတ်ခဲ့ခြင်းကြောင့် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး မွေ့ယာနှင့်ပတ်ကာ သံသေတ္တာနှ စ်လုံးကြားတွင် ရောနှောပြီး လိုက်ထရပ်ကားဖြင့် သယ်ဆောင်စဉ်ယာဉ်မောင်းမှ မင်္သကာသဖြင့် ပြည်မြို့မရဲစခန်းအား သတင်းပေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ပြည်နည်းပညာတက္ကသိုလ် ဆရာမအား သတ်ပြီး အလောင်းဖျောက်ဖျက်ရန်ကြိုးစားသူ ပဲခူးမြို့နေသူအမျိုးသမီးအား လူ သတ်အလောင်းဖျောက်ရန်ကြိုးစားမှု ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ အရ ပြည်မြို့မရဲခန်းမှ ဖမ်းဆီးကာ အမှုဖွင့်အေ ရး ယူထားသည်။

7daydaily

No comments:

Post a Comment