Latest News

Friday, April 14, 2017

သင်္ကြန်အကျနေ့တွင် မန္တလေးမြို့တခွင် ပျော်ရွှင်စွာရေကစားကြသူများဖြင့် ပိုမိုစည်ကား

သင်္ကြန်အကျနေ့တွင် မန္တလေးမြို့တခွင် ပျော်ရွှင်စွာရေကစားကြသူများဖြင့် ပိုမိုစည်ကား

မန္တလေး ဧပြီ ၁၄

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကျနေ့တွင် မန္တလေးမြို့တခွင် ၌ ရေကစားကြသူ ရေပက်ခံထွက်သူများနှင့်  ပိုမိုစည်ကားလျက်ရှိကြောင်း သိရသည်။

အထူးသဖြင့် ကျုံးတောင်ဘက်ခြမ်းရှိ မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်တွင် စိန်ဒူးဝါးဆိုင်းအဖွဲ့နှင့်အတူ မြန်မာ့ရိုးရာ သင်္ကြန်သီချင်း ဖျော်ဖြေမှုများကို လည်းကောင်း  နိုင်ငံကျော်အဆိုတော်များ၏ သီဆိုဖျော်ဖြေမှုကို လည်းကောင်း နှစ်သက် သဘောကျ အားပေးကခုန်လျက်ရှိပြီး အဆိုပါ ကျုံးတောင်ဘက်အခြမ်းရှိ လမ်းလျှောက်သင်္ကြန်သို့လည်း လွတ်လပ်ပေါ့ပါး စွာရေပက်ကစား လည်ပတ်လျက်ရှိသည်။

ယနေ့သင်္ကြန်အကျနေ့တွင် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ နံနက်ပိုင်းမှစ၍ နိုင်ငံကျော် အဆိုတော်များဖြစ်သည့် လင်းလင်း၊ ချစ်သုဝေ၊ ဆုန်သင်းပါရ်၊ သျှီနှင့် ဒေသခံတေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများနှင့်အတု Myanmar idol မှ အဆိုရှင် သားငယ်နှင့်ယွန်းတို့မှလည်း လာရောက်ဖျော်ဖြေ တင်ဆက်ခဲ့ကြရာ သင်္ကြန်ချစ်သူပြည်သူများ တခဲနက်အားပေး ကခုန်လျက် ရှိသည်။

ထို့အပြင် ကျုံးမြောက်ဘက်၊ ကျုံးအရှေ့ဘက်နှင့် ကျုံးအနောက် ဘက် ဖျော်ဖြေရေး မဏ္ဍပ်များရှိ သီဆိုမှုများကို လည်းကောင်း၊ မဟာအောင်မြေမြို့နယ် လူငယ်သင်္ကြန်မဏ္ဍပ်ရှိ နိုင်ငံကျော်အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများ ကိုလည်းကောင်း၊ မြို့တွင်းမဏ္ဍပ်များရှိ မြန်မာ့ရိုးရာ အဆိုအကများကိုလည်းကောင်း လှည့် လည်အားပေးကြည့်ရှုလျက် ရှိကြောင်း သိရှိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment