Latest News

Friday, April 14, 2017

မန္တလေး မဟာသင်္ကြန်​အကျ​နေ့တွင် ထိခိုက်​ဒဏ်ရာရရှိသူ(၃၀)ဦးနှင့်​ ​သေဆုံးအ​လောင်း​(၁)လောင်း ရောက်​ရှိ

မန္တလေး မဟာသင်္ကြန်​အကျ​နေ့တွင် ထိခိုက်​ဒဏ်ရာရရှိသူ(၃၀)ဦးနှင့်​ ​သေဆုံးအ​လောင်း​(၁)လောင်း ရောက်​ရှိ

မဟာသင်္ကြန်​အကျ​နေ့တွင်​ မန္တ​လေးအ​ထွေ​ထွေ​ရောဂါကု​ဆေးရုံကြီးသို့ ယာဉ်​တိုက်​မှု၊ ခိုက်​ရန်​ဖြစ်​ပွားမှုတို့​ကြောင့်​ ထိခိုက်​ဒဏ်ရာရရှိသူ(၃၀)ဦးနှင့်​ ​သေဆုံးအ​လောင်း​(၁)လောင်း ရောက်​ရှိ

ဧပြီလ ၁၄ရက်​​နေ့ မဟာသင်္ကြန်​အကျ​နေ့တွင်​ မွန်းတည့် ၁၂နာရီမှ မွန်းလွဲ ၃း၂၀နာရီ​ အထိ ယာဉ်​တိုက်​မှု​ကြောင့်​ ထိခိုက်​ဒဏ်​ရာရရှိသူ ကျား ၁၇ဦး၊ မ ၃ဦး၊ မွန်းတည့် ၁၂နာရီမှ ည​နေ ၅နာရီ​အထိ ခိုက်​ရန်​ဖြစ်​ပွားမှု​​ကြောင့်​ ထိခိုက်​ဒဏ်ရာရရှိသူ ကျား ၉ဦး၊ မ ၁ဦး အသီးသီး​ရောက်​ရှိ၍ လိုအပ်​​သော ​ဆေးဝါးကုသမှုများ ခံယူခဲ့ပြီး ​အောင်​​မြေသာစံမြို့နယ်​ အမှတ်​(၁)ရဲစခန်းအပိုင်​ နယ်​​မြေအတွင်းမှ အသက်​ ၄၀နှစ်​ခန့်​ရှိ အမျိုးသား​သေဆုံးအ​လောင်း တစ်​​လောင်း​ရောက်​ရှိခဲ့​ကြောင်း၊ ယာဉ်​တိုက်​မှု​ကြောင့်​ ထိခိုက်​ဒဏ်​ရာရရှိသူများမှာ ဆိုင်ကယ်​​ကြောင့်​ဖြစ်​ပွားမှုများသာရှိ​ကြောင်း အ​ရေး​ပေါ်နှင့်​ ပြင်​ပလူနာဋ္ဌာနမှ တာဝန်​ရှိသူတစ်​ဦးက ​ပြောကြားသည်​။
The Mandalay News Journal

No comments:

Post a Comment