Latest News

Sunday, April 30, 2017

အမေရိကသို့ ကော်ဖီစေ့ တင်ပို့မည်

အမေရိကသို့ ကော်ဖီစေ့ တင်ပို့မည်

ဂျပန်နှင့် အာရှနိုင်ငံများသို့ အဓိက တင်ပို့လျက်ရှိသော ပြည်တွင်းကော်ဖီစေ့များကို ယခုနှစ်အတွက် အမေရိကန် ပြည်ထောင်စုသို့ ၁၈ တန် တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းထံမှ သိရသည်။

လက်ရှိအချိန်တွင် ပြည်တွင်း ကော်ဖီစေ့များ အနေနှင့် ဥရောပဈေးကွက်နှင့် အမေရိကန် ဈေးကွက်များတွင် အမြင့်ဈေးနှုန်းများဖြင့် အလားအလာ ကောင်းမွန်လျက်ရှိကာ ပြီးခဲ့သည့်နှစ်ကထက် ဥရောပနိုင်ငံများထံမှ အမှာစာများ ပိုမိုရရှိလာကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်း၏ဥက္ကဋ္ဌ ဦးရဲမြင့်က ပြောကြားသည်။

“ဥရောပဈေးကွက်က အများကြီး အလားအလာ ကောင်းနေတယ်။ ကျွန်တော်တို့က တည်တည်ငြိမ်ငြိမ်ဖြစ်မယ့် ဈေးကွက်မျိုး ဖြစ်အောင် လုပ်နေတယ်”ဟု ၎င်းက ဆိုသည်။

လတ်တလော ပြည်ပနိုင်ငံများသို့ တင်ပို့နေသော ပြည်တွင်းကော်ဖီစေ့ ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၅၀ဝ မှ ၄၄၀ဝ ကြား ရရှိလျက်ရှိကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းထံမှ သိရသည်။

အမေရိကသို့ ပြီးခဲ့သောနှစ်က ပြည်တွင်းကော်ဖီစေ့ ၁၈ တန် နှစ်ကြိမ်ဖြင့် ၃၆ တန်အထိ တင်ပို့ထားခဲ့ကြောင်း ယင်းအသင်းထံမှ သိရသည်။

မြန်မာနိုင်ငံ အထက်ပိုင်းဒေသများဖြစ်သော ရှမ်းပြည်နယ် ရွာငံ၊ နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်နှင့် မိုးကုတ်မြို့နယ်တို့တွင် ကုန်းမြင့်ကော်ဖီပင်ကို အများဆုံး စိုက်ပျိုးလျက်ရှိပြီး မြန်မာနိုင်ငံတွင် ကော်ဖီပင် စိုက်ပျိုးသော ဧက သုံးသောင်းကျော်ရှိကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းထံမှ သိရသည်။

The Voice

No comments:

Post a Comment