Latest News

Sunday, April 30, 2017

အမေရိကန်နှင့် မြောက်ကိုရီးယားစစ်ဖြစ်လျှင် ကမ္ဘာတစ်ဝှမ်း ဒေါ်လာ ၃-ထရီလီယံပျက်စီးမည့် အကျိုးဆက်များကျရောက်နိုင်၊ မြောက်ကိုရီးယားတွင် လူ သန်း-၃၀ ကျော် သေကြေပျက်စီးရလိမ့်မည်

အမေရိကန်နှင့် မြောက်ကိုရီးယားစစ်ဖြစ်လျှင် ကမ္ဘာတစ်ဝှမ်း ဒေါ်လာ ၃-ထရီလီယံပျက်စီးမည့် အကျိုးဆက်များကျရောက်နိုင်၊ မြောက်ကိုရီးယားတွင် လူ သန်း-၃၀ ကျော် သေကြေပျက်စီးရလိမ့်မည်


( ဧပြီ-၃၀၊ ၂၀၁၇ ) ယမန်နေ့ မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်ခြင်းအား ပြင်းထန်စွာရှုတ်ချခဲ့သော အမေရိကန်၏ တိုက်ခိုက်ရေး ရေတပ်စစ်သင်္ဘောများ ကိုရီးယားကျွန်းဆွယ်သို့ ဦးတည်လာနေစဉ် ကိုရီးယားကျွန်းဆွယ်စစ်ပွဲဖြစ်ပွားလျှင် ပျက်စီးဆုံးရှုံးနိုင်မည့် အကြမ်းဖျဉ်း ပမာဏကို ဩစတေးလျအခြေစိုက် နယူးစ်ဒေါ့ကွန်းသတင်းစာက ယနေ့ ခန့်မှန်းရေးသားလိုက်သည်။

အမေရိကန်-မြောက်ကိုရီးယားစစ်ပွဲအမှန်တကယ်ဖြစ်ပွားလာခဲ့လျှင် မကြုံစဖူး နောက်ဆက်တွဲအကျိုးဆက်များကြောင့် ကမ္ဘာတစ်ဝှမ်း အမေရိကန်ဒေါ်လာ ၃ ထရီလီယံပျက်ပြားနိုင်သည်ဟုဆိုသည်။ အထီးကျန်မြောက်ကိုရီးယား၏ ကံအကြောင်းမလှရှာသူ သန်း-၃၀ မှာ ကမ္ဘာကြီးအတွက် ရုတ်တရက်ကျရောက်သော အကျပ်အတည်း ကပ်ဘေးဆိုးဖြစ်လာနိုင်ချေရှိသည်။

သာမိုညူကလီယာစစ်ပွဲသည် ဒေသတွင်းလူသားဖြစ်တည်မှု့နှင့် ဂေဟဗေဒဖြစ်စဉ်များအား ပျက်သုန်းစေမည်ဖြစ်ပြီး၊ ရေဒီယိုသတ္တိကြွလှိုင်းများကျရောက်ခြင်းကြောင့် တောင်ကိုရီးယား၊ ဂျပန်၊ တရုပ်နှင့် ရုရှားနိုင်ငံတို့အား ခြေမွပစ်မည်ဖြစ်သည်။

သို့သော် ကင်ဂျုံအန်က သမားရိုးကျလက်နက်များရွေးချယ် စစ်ခင်းနိုင်ပါသည်။ ဤတွင်လည်း ကျွန်ုပ်တို့အဖို့ အခြားအိပ်မက်ဆိုးများနှင့် ပြောင်းလဲရင်ဆိုင်ရပါမည်။ ပထမဆုံးဖြစ်လာနိုင်သည်မှာ ကင်ဂျုံအန် အာဏာရအလုပ်သမားပါတီနှင့်ဆက်နွယ်သူများ၏အမျက်ဒေါသမှာ နီးစပ်ရာတို့အပေါ် လူ့အခွင့်အရေချိုးဖောက်မှု့နှင့် အစုအပုံလိုက်သတ်ဖြတ်ခြင်း နှစ်ချီဖြစ်လာနိုင်သည်။

ဘိုလစ်ဗီးယား၊  ဂွာတီမာလာ၊ ဗင်နီဇွဲလားစသည့် တောင်အမေရိကနိုင်ငံများအချို့သည် ဒုက္ခသည်များလက်ခံရန်ဖြစ်လာပြီး အမေရိကန်ပြည်ထောင်စုဆန့်ကျင်ရေးအပေါ် တိုးပွားလာစေမည်ဖြစ်သည်။

ခေါင်းဆောင်ကြီး ကင်ဂျုံအန်မရှိလျှင် မြောက်ကိုရီးယားတို့ ဘာတွေလုပ်မည်နည်း။ မြောက်ကိုရီးယားအစိုးရ ပြိုကွဲခဲ့လျှင် နေစရာ၊ စားစရာ၊ ငွေကြေးဗလာနတ္ထိနှင့် ၄င်းနိုင်ငံသားတို့ဖို့ တောင်ကိုရီးယား၊ တရုပ်နှင့် ရုရှားမြေထဲ ပြေးကြဖို့ရှိသည်။ သို့သော် ထိုနိုင်ငံတို့တွင် ဒုက္ခသယ်လက်ခံရန် လိုအပ်နေသည်မဟုတ်ချေ။ ဆန္ဒမထက်သန်လှသော်လည်း တရုတ်တွင် မြောက်ကိုရီးယား တစ်သိန်းအတွက်ခန့်မှန်း ရှိနေပြီးဖြစ်သည်။ ထိုအတွက် နယ်စပ်တွင်တရုတ်တပ်များအင်အားဖြည့်ထားခြင်းနှင့် လေ့ကျင့်ရေး ပြုလုပ်ရန် စိတ်အား ထက်သန်နေသည်။

Htay Oung

No comments:

Post a Comment