Latest News

Sunday, April 2, 2017

ဂတ်အိုးပေါက်ရာမှ မီးလောင်မှုဖြစ်ပြီး လူ ၁၂ ဦး သေဆုံး

ဂတ်အိုးပေါက်ရာမှ မီးလောင်မှုဖြစ်ပြီး လူ ၁၂ ဦး သေဆုံး



၂ ၄ ၁၇

မကွေးမြို့ သစ္စာလမ်းနှင့် ၂၉ လမ်းဒေါင့် မြင်သာ ရပ်ကွက်
ရွှေမြတ်မင်းသမီး ( ကေတီဗီ )ဆိုင် တွင် ယနေ့ ည ၁၀ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၁၁ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပါတယ်။

မီးသတ်ကယ်ဆယ်ရေး များမှ မီးလောင်ကျွှမ်းမှုအား စစ်ဆေးလျက်
ရှိပြီး ဂတ်အိုးပေါက်ကွဲမှုမှ တဆက် မီးလောင်ကျွှမ်းတာ ဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားပါတယ်။

သေဆုံးသူ ရုပ်အလောင်း ၁၂ ခုအား တွေရှိရပြီး သေဆုံးသူ ၁၂ ထက် မနည်း ရှိနိုင်မရှိနိုင်ကိုတော့ အတိကျမသိရသေးကြောင်း သတင်းရရှိပါတယ်။

( ပေးပို့သူ ) အေးမင်းအောင်

April Maung Maung

No comments:

Post a Comment