Latest News

Thursday, April 20, 2017

သံမဏိနှင်းဆီသတ်ခံရမှု ကျူးလွန်သူအမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦး ရမ္မာန်ယူပြီ

သံမဏိနှင်းဆီသတ်ခံရမှု ကျူးလွန်သူအမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦး ရမ္မာန်ယူပြီ

ရန်ကုန် ၊ဧပြီ ၂၀-သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူသတ်မှုကျူးလွန်သူလို့ ယူဆရသူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ပုဇွန်တောင်မြို့နယ်တရားရုံးမှာ ယနေ့ မွန်းလွဲ နှစ်နာရီကသက်ဆိုင်ရာရဲတပ်ဖွဲ့ ကအချုပ်ရမ္မာမန်ယူပါတယ်။

သက်ဆိုင်ရာရဲတပ်ဖွဲ့ ကဆက်သွယ်မေးမြန်ရာမှာတော့ “တာဝန်ရှိသူတွေ တိုင်းရုံးကိုသွားနေတာပြန်မ လာသေးလို့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ညနေငါးနာရီလောက်မှာ အတည်ပြုထုတ်ပြန်သွားပါမယ်”လို့ 
တာဝန်ရှိသူရဲ တပ်ဖွဲ့ ဝင်တစ်ဦးကပြန်လည်ဖြေကြားပါတယ်။

အမှုနဲ့ စွပ်စွဲခံရသူတွေဟာ အသက်သုံးဆယ်ဝန်းကျင်လူလတ်ပိုင်းတွေဖြစ်ပြီး စွပ်စွဲခံရသူတွေရဲ့ အမည်ကိုတော့ မေးမြန်းပေမယ့်သိခွင့်မရခဲ့ပါဘူး။

ဒီအမှုမှာလူမူရေးကိစ္စတချို့ လည်းပါဝင်နေတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာဧပြီလ ၁၆ရက်(သင်္ကြန်အတက်)နေ့ မနက်က အခင်းဖြစ်အိမ်နီးချင်း က အခင်းဖြစ်တိုက်ခန်းအတွင်း အပုတ်နံ နံလို့ ဂျာနယ်တိုက်ပိုင်ရှင်မိသားစုဝင်တွေကိုအကြောင်းကြားရာက သက်ဆိုင်ရာရဲတပ်ဖွဲ့ နဲ့ အိမ်ထဲဝင် ကြည့်ရာ သံမဏိနှင်းဆီဂျာနယ် အယ်ဒီတာ ကိုဝေယံဟိန်း(၂၇)နှစ်ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ ၁၅ ချက်ခန့် နဲ့  သေဆုံး ပုတ်ပွနေတာဖြစ်ပါတယ်။

လူမွန်(kumudra)

No comments:

Post a Comment