Latest News

Wednesday, April 5, 2017

ရှေ့နေ ရောဘတ်စန်းအောင် ကို အကာကွယ်ပေးဖို့ AI တောင်းဆို

ရှေ့နေ ရောဘတ်စန်းအောင် ကို အကာကွယ်ပေးဖို့ AI တောင်းဆို

လူ့အခွင့်အရေးရှေ့နေ ဦးရောဘတ်စန်းအော င်ကို အမျိုးအမည် မသိသူတွေကတယ်လီဖုန်းနဲ့ ခြိမ်းခြောက် ပြောဆိုရေးသားမှုတွေ ပေါ်ပေါက်နေတဲ့အတွက်ထိရောက်စွာအရေးယူပေးဖို့ လန်ဒန်အခြေစိုက် AI ခေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာအာဏာပိုင်တွေကို မနေ့ကတောင်းဆိုလိုက်ပါတယ်။

အဲဒီလိုခြိမ်းခြောက်မှုတွေဟာ ရှေ့နေ ဦးကိုနီ လေဆိပ်မှာ လုပ်ကြံခံရတဲ့ ညကစတင်ခဲ့တယ်လို့ ရှေ့နေ ဦးရောဘတ် စန်းအောင်က RFA ကိုပြောပါတယ်။

"ဦးကိုနီ လုပ်ကြံခံရတဲ့ ည ၁ နာရီလောက်က စပြီးတော့ နောက်နေ့ မင်းဖွဲ့စည်းပုံကို ထိဖို့တော့မစဉ်းစားနဲ့ မင်းဘယ်နားရှိတယ်ဆိုတာလည်း တို့သိတယ်၊ မကြာခဏဆိုသလိုပါပဲ အိမ်ဖုန်းထဲကိုဝင်တာရှိတယ်၊ ကျနော့်လက်ကိုင်ဖုန်းတွေထဲကိုရှိတယ်၊ ကျနော့်မှာ အထောက်အထားတွေရှိပါတယ်"

ဒ့ါအပြင် သူ့ကို မြန်မာထောက်လှမ်းရေးတွေက လေဆိပ်တွေမှာ လာရောက်တွေ့ဆုံတာတွေလည်း ၄ ခါရှိပြီလို့ဆိုပါတယ်။ ဦးရောဘတ်စန်းအောင်ဟာ ဦးကိုနီနဲ့အတူ လေဆိပ်မှာ သေဆုံးခဲ့တဲ့ အငှားယဉ်မောင်းသူ ဦးနေဝင်းရဲ့ မိသားစုအတွက် လိုက်ပါအကျိုးဆောင်ဖို့  အခုစီစဉ်နေပါတယ်။ အဲဒီကိစ္စအတွက်လည်းထောက်လှမ်းရေးဟောင်းတွေလို့ ယူဆရသူတချို့က သူ့ကို ခြိမ်းခြောက်ပြောဆိုတာတွေရှိနေတယ်လို့ ပြောပါတယ်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ပြန်ချက်မှာ အခုလို
နိုင်ငံရေးအကျဉ်းသားဟောင်း ရှေ့နေ ဦးရောဘတ်စန်းအောင်ကို
ခြိမ်းခြောက်မှုတွေကနေ အကာအကွယ်ပေးဖို့နဲ့ စုံစမ်းအရေးယူဖို့အတွက်အစိုးရအာဏာပိုင်တွေမှာ တာဝန်ရှိကြောင်းနဲ့ ဒီကိစ္စအတွက် မြန်မာရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ် ဇော်ဝင်းနဲ့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေတို့ထံကို အများသူငါတွေအနေနဲ့ မေတ္တာရပ်ခံစာတွေရေးသားပေးပို့ကြစေလိုကြောင်း စသဖြင့်  ဖေါ်ပြထားပါတယ်။

RFA

No comments:

Post a Comment