Latest News

Friday, March 31, 2017

YRTA က Grade A အဆင့်သတ်မှတ်သည့် YBS စီးရေ ၂၀ ရာခိုင်နှုန်းကျော်သာရှိ

YRTA က Grade A အဆင့်သတ်မှတ်သည့် YBS စီးရေ ၂၀ ရာခိုင်နှုန်းကျော်သာရှိ

ရန်ကုန်မြို့တွင် ပြေးဆွဲလျက်ရှိသည့် ဘတ်စ်ကားစီးရေ ၃,၅၀၀ ကျော်ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) က Grade A အဆင့် သတ်မှတ်ထားသည် YBS စီးရေမှာ အများဆုံး ၈၀၀ ၀န်းကျင်သာရှိကြောင်း သိရသည်။

''လက်ရှိကတော့ အစီးရေ ၁၀၀၀ တောင် မရှိသေးဘူး။ လောလောဆယ် ဆရာတို့ သတ်မှတ်ထားတဲ့ Grade A အဆင့်ရှိတာ ၆၀၀ နဲ့ ၈၀၀ ၀န်းကျင်ပဲရှိ သေးတယ်။ Fully Aircon ပေါ့။ ကားကလည်း ကားအသစ်ဖြစ်ရမယ်။ ဒါပေမဲ့ အခုတင်သွင်းနေကြပြီ''ဟု YRTA မှ တာဝန်ရှိသူတဦးက ပြောသည်။

လက်ရှိတွင် YBS ကို ဘတ်စ်ကား စီးရေ ၃,၅၀၀ ကျော်ကို ယာဉ်လိုင်း ၇၉ လိုင်းဖြင့် ပြေးဆွဲလျက်ရှိနေပြီး YBS အစီးရေ ၂၅၀၀ နှင့် ၃၀၀၀ သည် ကားအဟောင်းများဖြစ်နေကြောင်း ၎င်းကပြောသည်။

Grade A အဆင့်သတ်မှတ်ခံရသည့် ကားများမှာ လေအေးစက်အပြည့်အ၀ပေးနိုင်သည့် ၂၀၀၆၊ ၂၀၀၇ မော်ဒယ်နှင့် အထက်ကားများဖြစ်ရမည်ဖြစ်သည့်အပြင် ယာဉ်မောင်း၊ ယာဉ်အကူတို့မှ ခရီးသည်များအပေါ် စိတ်ချမ်းသာမှု၊ ကောင်းမွန်သော ၀န်ဆောင်မှုပေးနိုင်ရမည်ဖြစ်ကြောင်း၊ GPS နှင့် CCTV များလည်း တပ်ဆင်ထားရမည်ဖြစ်ကြောင်း ၂၁ ယာဉ် လိုင်းပိုင်ရှင် ကိုတရုတ်လေးက ပြောကြားခဲ့သည်။

ထို့ပြင် ယာဉ်လိုင်းအဆင့်သတ်မှတ်ချက်အရ ကြယ်ငါးပွင့်အဆင့်ရှိ ယာဉ်လိုင်းများမှာ ယာဉ်လိုင်း အမှတ် ၃၇ နှင့်  ၆၄ ယာဉ်လိုင်းများဖြစ်ပြီး ကြယ်လေးပွင့်အဆင့် သတ်မှတ်ခံရသော ယာဉ်လိုင်းမှာ အမှတ် ၆ ယာဉ်လိုင်းဖြစ်ကာ ကြယ်နှစ်ပွင့် အဆင့်ယာဉ်လိုင်းမှာ အမှတ် ၂၉ ယာဉ်လိုင်းတို့ဖြစ်ကြောင်း သိရသည်။

ယာဉ်လိုင်းများအဆင့်သတ်မှတ်ပေးမှုနှင့်ပတ်သက်၍ အမြင့်မြတ်ဆုံးအင်အား  ပို့ဆောင်ရေးအုပ်စုအများနှင့် သက်ဆိုင်သောကုမ္ပဏီမှ တာဝန်ရှိသူ ဦးတင်မောင်ထွဋ်က ''အဆင့်သတ်မှတ်ချက်နဲ့ပတ်သက်ပြီး ပြောရရင် YBS လက်အောက်မှာ ကုမ္ပဏီရှစ်ခုရှိတယ်။ ကုမ္ပဏီအသေး ၂၁ ခုကို အခြေခံပြီး ကုမ္ပဏီကြီး ရှစ်ခုသတ် မှတ်တယ်။ အဆင့်သတ်မှတ်တာကတော့ အများပြည်သူဝန်ဆောင်မှုပေးတဲ့နေရာမှာ အများပြည်သူ စိတ်ချမ်းသာမှုပေးနိုင်တဲ့ အခြေအနေတွေ၊ ယာဉ်လုပ်သားနဲ့ ခရီးသည်ကြား ဆက်ဆံရေး ပြေလည်မှု၊ အတိုင်ခံရမှု အခြေအနေ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာမှု အခြေအနေ၊ ယာဉ်စီးရေများအောင် ပြေးဆွဲနိုင်တဲ့ကိစ္စတွေ၊ ယာဉ်လုံခြုံမှု အခြေအနေတွေကိုကြည့်ပြီးတော့ အမှတ်ပေးစည်းမျဉ်းနဲ့ သွားတာပါ''ဟု ပြောကြားသည်။

လင်းလင်းအောင်၊ ထူးမြတ်(News Watch)

No comments:

Post a Comment