Latest News

Thursday, March 30, 2017

အမှတ်(၅၇) YBS ယာဉ်လိုင်းပါ ခရီးသည်များထံမှ ငွေနှင့်လက်ကိုင် ဖုန်းများနှိုက်ယူသူ ခါးပိုက်နှိုက်တစ်ဦးကို လသာမြို့နယ်၌ ဖမ်းဆီးရမိ

အမှတ်(၅၇) YBS ယာဉ်လိုင်းပါ ခရီးသည်များထံမှ ငွေနှင့်လက်ကိုင်
ဖုန်းများနှိုက်ယူသူ ခါးပိုက်နှိုက်တစ်ဦးကို လသာမြို့နယ်၌ ဖမ်းဆီးရမိ

ရန်ကုန်၊ မတ် ၃၁

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များသည် ခိုးမှု၊ လုယက်မှု၊
ခါးပိုက်နှိုက်မှုကျူးလွန်သူများ ဖမ်းဆီးရမိရေးအတွက် နယ်မြေအတွင်း စဉ်ဆက်
မပြတ် သတင်းစုံစမ်းဆောင်ရွက်လျက်ရှိရာ ၃၀.၃.၂၀၁၇ ရက်နေ့ ၁၀၅၀အချိန်
ခန့်တွင် လသာမြို့နယ်၊ မဟာဗန္ဓုလလမ်း၊ မောင်ခိုင်လမ်းမှတ်တိုင်တွင်
မောင်းနှင်လာသော အမှတ်(၅၇) YBS ယာဉ်လိုင်း ပေါ်မှဆင်းလာသူ
ဒေါပုံမြို့နယ်နေ ဘာဘူ၊ (၆၃)နှစ်အား  မသင်္ကာတွေ့ရှိသဖြင့် ထိန်းသိမ်း
စစ်မေးရှာဖွေရာ ၎င်းဝတ်ဆင်ထားသောအင်္ကျီအတွင်းမှ Samsung ON-7
အမျိုးအစားလက်ကိုင်ဖုန်း ၁ လုံး၊ Oppo Neo-7 အမျိုးအစားလက်ကိုင်ဖုန်း
၁ လုံးနှင့် Samsung Grand Neo အမျိုးအစားလက်ကိုင်ဖုန်း ၁လုံးတို့အား
တွေ့ရှိရပြီး ၎င်းလက်ကိုင်ဖုန်းများနှင့်ပတ် သက်၍ စစ်မေးရာ ၁၀၀၀ အချိန်
ခန့်ကအမှတ်(၅၇) YBS ယာဉ်လိုင်းပေါ်ပါ အသက်(၂၁)နှစ်ခန့်ရှိ အမျိုးသမီး
တစ်ဦး၏ လက်ဆွဲအိတ်အတွင်းမှ Samsung ON-7 ဖုန်းအားလည်းကောင်း၊
၎င်းယာဉ်ပေါ်၌ပင် အသက် (၁၇)နှစ်ခန့်ရှိ လူငယ်တစ်ဦးလွယ်ထားသော
ဘေးလွယ်အိတ်အတွင်းမှ Oppo Neo-7 ဖုန်းအားလည်းကောင်း၊ ၁၀၄၀
အချိန်ခန့်တွင် ကီလီမှတ်တိုင်အနီးအရောက် အမှတ်(၅၇) YBS ယာဉ်လိုင်း
ပေါ်မှပင် အသက်(၂၆)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးလွယ်ထားသော ကျောပိုး
အိတ်အတွင်းမှ Samsung Grand Neo ဖုန်းအားလည်းကောင်း အသီးသီး
နှိုက်ယူခဲ့ကြောင်းနှင့် ၎င်းပြင် Huawei Y221ဖုန်း၊ ငွေကျပ် ၁၈၅၀၀တို့နှင့်
ပတ်သက်၍ ထပ်မံစစ်ဆေးရာ ၎င်းယာဉ်လိုင်းအမှတ်(၅၇) YBSပေါ်မှပင်
အသက် (၂၀)နှစ် ခန့်ရှိအမျိုးသားတစ်ဦး၏ ဘောင်ဘီအိတ်ကပ်အတွင်းမှ
နှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်များအရ လက်ကိုင်ဖုန်းပိုင်ရှင်များကို ရဲတပ်ဖွဲ့ဝင်များက
လိုက်လံစုံစမ်းခဲ့ရာ သာကေတ မြို့နယ်နေ မ-----၊ ကြည့်မြင်တိုင်မြို့နယ်နေ
မောင်------နှင့် ကမာရွတ်မြို့နယ်နေ မ-------တို့ဖြစ်ကြောင်း သိရှိရသဖြင့်
လက်ကိုင်ဖုန်းများနှိုက်ယူသူ ဘာဘူအား လသာမြို့မရဲစခန်း(ပ)၈၅/၂၀၁၇၊
ရာဇသတ်ကြီးပုဒ်မ-၃၇၉(နှိုက်) ဖြင့်လည်းကောင်း၊ ထပ်မံစစ်ဆေး
ပေါ်ပေါက်ချက်အရ လသာမြို့မရဲစခန်း(ပ)၈၆/၂၀၁၇၊ ရာဇသတ်ကြီး
ပုဒ်မ ၃၇၉(နှိုက်)/၅၄ဖြင့်လည်းကောင်း အမှုများရေးဖွင့်ကာ အရေးယူ
ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment