Latest News

Thursday, March 30, 2017

KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အဖွဲ့ဝင်သုံးဦး ဥပဒေဘောင်အတွင်းဝင်ရောက်

KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အဖွဲ့ဝင်သုံးဦး ဥပဒေဘောင်အတွင်းဝင်ရောက်

နေပြည်တော် မတ် ၃၀

KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အဖွဲ့ဝင်သုံးဦးဖြစ်သော ဒုတိယတပ်ကြပ်အဆင့်ရှိ တိန့်ယိန်း၊ တပ်သားအဆင့်ရှိ ဂဒိုးဆင်ဝါးနှင့် အင်ဂျန်းနော်ဂျာတို့ သုံးဦးသည် မတ် ၂၃ ရက် ည ၈ နာရီ မိနစ် ၂၀ ခန့်တွင် ကချင်ပြည်နယ်၊ ပန်ဝါမြို့နယ်၊ လုပီကျေးရွာအနီး နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင် လျက်ရှိသည့် တပ်မတော်စစ်ကြောင်းသို့လာရောက်၍ ဥပဒေဘောင်အတွင်းဝင်ရောက်ခဲ့သည်။

တိန့်ယိန်း၏ ပြောကြားချက်အရ ၎င်းကိုင်ဆောင်သည့် သေနတ်အား လုပီကျေးရွာ၏ အရှေ့ဘက် ၃ မိုင်ခွဲခန့်အကွာ၌ ၀ှက်ထားကြောင်း သိရှိရသဖြင့် တပ်မတော်စစ်ကြောင်းမှ သွားရောက်ရှာဖွေရာ အမ်-၂၂ သေနတ်တစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ၎င်းကျည်ရှစ်တောင့်နှင့် လွယ်ကြိုးတစ်ချောင်းတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဥပဒေဘောင်အတွင်းဝင်ရောက်ခဲ့သူသုံးဦးတို့သည် KIA အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက် လုပ်ရပ်များကို ရွံမုန်းလာခြင်း၊ ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များသည် ဒေသခံတိုင်းရင်းသား ပြည်သူများအပေါ်ဝန်ထုပ်ဝန်ပိုးများ ကျရောက်နေသည့်အဖြစ်မှန်ကို သိရှိလာခြင်း၊ နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏သဘောထားအမှန်ကို သိရှိနားလည်လာခြင်း၊ နိုင်ငံတော်၏တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒပြင်းပြလာခြင်းတို့ကြောင့် လုပီကျေးရွာ၏ အရှေ့ဘက် ၅ မိုင်ခန့်အကွာရှိ KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ လက်အောက်ခံစခန်းမှ ထွက်ပြေးလာခဲ့ပြီး တပ်မတော်စစ်ကြောင်းမှတစ်ဆင့် ဥပဒေဘောင်အတွင်းသို့ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး မှသတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment