Latest News

Friday, March 17, 2017

ငွေကျပ်သိန်း ၃ဝဝဝ ကျော်တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၉၉၂ဝ ဖမ်းဆီးရမိ

ငွေကျပ်သိန်း ၃ဝဝဝ ကျော်တန်ဖိုးရှိ WY စာတန်းပါ
စိတ်ကြွရူးသွပ်ဆေးပြား ၁၅၉၉၂ဝ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၁၇

စစ်တွေမြို့နယ် သဲချောင်းကျေးရွာ ကမ်းနားရှိ ငါးပွဲစားတန်းအနောက်ဘက် စက်လှေဆိပ်၌ မတ် ၁၆ ရက် ည ၇နာရီကWYစာတန်းပါ စိတ်ကြွရူး သွပ်ဆေးပြား ၁၅၉၉၂ဝ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတင်းအရ သဲချောင်းအတွင်း ဆိုက်ကပ်ထား သည့် စက်လှေတစ်စင်းအားစစ်ဆေးရာ လှေပေါ်တွင် ဆာလာအိတ်များ အတွင်းမှ အထုပ်ကြီး ၁၆ ထုပ်ဖြင့် ထုပ်ပိုးထားသော WY စာတန်းပါ စိတ်ြ<ွကရူးသွပ်ဆေးပြား ၁၅၉၉၂ဝ ကာလတန်ဖိုး ငွေကျပ် ၃၁၉၈၄ဝဝဝဝ ခန့်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စက်လှေပိုင်ရှင်ဖြစ်သူ အဒူဆလမ်မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး မှန်စီ နယ်မြေ ရဲကင်းစခန်းမှ တရားခံများ ဖမ်းဆီးရမိရေး အမှုဖွင့်စုံစမ်း လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဋ္ဌာန သတင်းထုတ်ပြန်ရေးဋ္ဌာနမှထုတ်ပြန်ထားသည်။

No comments:

Post a Comment