Latest News

Wednesday, March 22, 2017

အမေရိကန်ရေတပ်မှ စစ်ရေယာဉ် USNS FALL RIVER (T-EPF-4) မြန်မာနိုင်ငံသို့ချစ်ကြည်ရေး ခရီး ရောက်ရှိစဉ် နှစ်နိုင်ငံရေတပ်တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်

အမေရိကန်ရေတပ်မှ စစ်ရေယာဉ် USNS FALL RIVER (T-EPF-4) မြန်မာနိုင်ငံသို့ချစ်ကြည်ရေး ခရီး ရောက်ရှိစဉ် နှစ်နိုင်ငံရေတပ်တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်

နေပြည်တော် မတ် ၂၂

အမေရိကန်ရေတပ်မှ စစ်ရေယာဉ် USNS FALL RIVER (T-EPF-4)  သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်သို့ ချစ်ကြည်ရေးခရီးရောက်ရှိစဉ်အဖွဲ့ခေါင်းဆောင် အမေရိကန်ရေတပ်မှ    Rear Admiral Donald Gabrielson  ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၉ နာရီတွင်ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ အရာရှိရိပ်သာ၌တပ်မတော်(ရေ)မှ စစ်ဦးစီးအရာရှိချုပ်(ရေ )ဗိုလ်ချုပ်မိုးအောင် ဦးဆောင်သော ကိုယ်စားလှယ် အရာရှိကြီးများအား လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံရေတပ်များ၏ရေကြောင်းလုံခြုံမှုအပေါ်အတွေးအမြင်များအား အပြန်အလှန် ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ပင်လယ်ရေကြောင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲနှင့် အလုပ်ရုံဆွေးနွေး ပွဲဆိုင်ရာကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံရေတပ်အရာရှိများ အဆင့်အတန်းစုံအပြန်အလှန်လည်ပတ်မှု၊ စစ်ရေယာဉ်လည်ပတ်မှုဆိုင်ရာကိစ္စရပ်များ၊ မြန်မာ့ရှေးဟောင်းအမွေ အနှစ် နှင့် ယဉ်ကျေးမှုဆိုင်ရာများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ အမေရိကန်ရေတပ်မှ Rear Admiral Donald Gabrielson  ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ ရေပြင်ပိုင်းဆိုင်ရာရှာဖွေကယ်ဆယ်ရေးပေါင်းစပ်ညှိနှိုင်းကွပ်ကဲမှု ဌာနချုပ်(MRCC)၊ သန်လျင်မြို့ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ်နှင့် စစ်ရေယာဉ်(တပင်ရွှေထီး)တို့သို့ သွားရောက်လေ့လာခဲ့ကြရာတာဝန်ရှိသူများကလိုက်လံရှင်းလင်းပြသသည်။

အလားတူ ယနေ့ည ၆ နာရီ ၁၅ မိနစ်တွင် စစ်ဦးစီးအရာရှိချုပ်(ရေ ) ဗိုလ်ချုပ်မိုးအောင် ဦးဆောင်သော တပ်မတော်(ရေ )ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်ရေတပ်မှ စစ်ရေယာဉ် USNS FALL RIVER (T-EPF-4)  ပေါ်သို့ လှည့်လည်ကြည့်ရှုကြရာအမေရိကန်ရေတပ်မှ Rear Admiral Donald Gabrielson  နှင့် စစ်ရေယာဉ်မှူး Captain Stansield L. Chien တို့က ကြိုဆိုနှုတ်ဆက်ကြပြီး လိုက်လံရှင်းလင်းပြသခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး မှသတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment