Latest News

Wednesday, March 22, 2017

ပြည်တွင်းရွှေဈေး ကျပ် ကိုးသိန်း ကျော်သော်လည်း အ၀ယ်လိုက်နေ

ပြည်တွင်းရွှေဈေး ကျပ် ကိုးသိန်း ကျော်သော်လည်း အ၀ယ်လိုက်နေ


 ပြည်တွင်းအခေါက်ရွှေ ဈေးကျပ် ၉၀၃,၀၀၀ အထိမြင့် တက်လာသော်လည်း ၀ယ်လို အားမြင့်တက်နေကြောင်း ပြည် တွင်းရွှေလုပ်ငန်းရှင်များက ပြော သည်။

ဧပြီ ၁ ရက်တွင် စတင် ကောက်ခံမည့် အခွန်စနစ်ကြောင့် ၀ယ်လိုအားတက်နေပြီး ဈေး ကွက်၌ အခွန်မဆောင်မီ ရွှေစုလို ခြင်းများကြောင့် ဖြစ်သည်ဟု အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦး အောင်ကပြောသည်။

‘‘အရင်ကတည်းက ရွှေဈေး က ၀ယ်လိုအားတက်နေတာ။ အ ၀ယ်လိုက်တာဆိုပေမယ့်ဈေး ကွက်ထဲမှာ ရောင်းစရာမရှိတော့ တဲ့အထိတော့ မဟုတ်ပါဘူး။ တက်ရိပ်မြင့်တော့ ထုတ်မရောင်း ချင်တဲ့သူနဲ့ ၀ယ်ချင်တဲ့သူ အ ကြောင်း တိုက်ဆိုင်သွားတာပါ’’ ဟု ၎င်းက ပြောသည်။

မတ်လ ၂ ၂ရက်တွင် ကမ္ဘာ့ ရွှေဈေးတက်ခြင်းနှင့် ပြည်တွင်း ၀ယ်လိုအားမြင့်တက်ခြင်းကြောင့် ရွှေဈေးမြင့်ခြင်းဖြစ်သည်ဟု မြန် မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအ သင်း အတွင်းရေးမှူး၊ ဦးထုံရွှေ ဆိုင်ပိုင်ရှင် ဦးကျော်ဝင်းကပြော ကြားသည်။

‘‘ကမ္ဘာမှာ အဖိုးတန် သတ္တု ဈေးက တက်နေတာ။ မြန်မာမှာ က ရွှေတစ်ခုပဲ အရောင်းအ၀ယ် လုပ်ကြလို့ ရွှေဈေးတက်တယ်ဖြစ် ကြတာပါ။ နောက်ပြီး ရွှေက အ ခုတလော ၀ယ်လိုအားလည်း ကောင်းနေတာလည်းပါပါတယ်’’ ဟု၎င်းကဆက်ပြောသည်။

ရွှေတုံးဈေးကွက်တွင် အခွန် ၅ ရာခိုင်နှုန်းဆောင်ရမည်ဆိုသော ကြောင့် ရွှေအတုံးဝယ်ယူခြင်းသာ များပြီး အရောင်းနည်းပါးနေ ကြောင်း ရွှေရောင်းအ၀ယ်လုပ်သူ ကိုမင်းမင်းကပြောသည်။

မတ်လ ၂၂ ရက်တွင်းပြည် တွင်းရွှေဈေးကွက်တွင် အခေါက် ရွှေတစ်ကျပ်သားလျှင် ကျပ် ၉၀၃,၀၀၀ အထိ ပေါက်ဈေးရှိ ခဲ့သော်လည်း ညနေအပိတ်ဈေး ၌ကျပ် ၉၀၁,၀၀၀ အထိရှိခဲ့သည်။

၂၀၁၇ ပြည်ထောင်စုအခွန် အကောက်ဥပဒေတွင် လာမည့် ဧပြီ ၁ ရက်ကစတင်ပြီး လက်ဝတ် ရတနာများ၌ စွဲကပ်ထားသော ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ စိန်၊ မြနှင့် အခြားကျောက်မျက် ရတနာများအတွက် အခွန် ၅ ရာခိုင်နှုန်း၊ ရွှေထည်လက်ဝတ် ရတနာများအတွက် အခွန် ၁ ရာ ခိုင်နှုန်းနှင့် အထူးကုန်စည်တွင် မပါဝင်သည့် အခေါက်ရွှေတုံးများ အတွက် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်။


7Day News Journal

No comments:

Post a Comment