Latest News

Monday, March 20, 2017

ထရမ့်တာဝါအဆောက်အအုံပုံစံငယ်ပါရှိတဲ့ Secret Service laptop အခိုးခံရ

ထရမ့်တာဝါအဆောက်အအုံပုံစံငယ်ပါရှိတဲ့ Secret Service laptop အခိုးခံရ

အမေရိကန် Secret Service ထောက်လှမ်းရေးတစ်ဦးထံကနေ ထရမ့်တာဝါအဆောက်အအုံပုံစံပါရှိတဲ့ ထောက်လှမ်းရေးလုပ်ငန်းသုံး laptop နဲ့အရေးကြီးကိရိယာတွေအခိုးခံလိုက်ရတယ်လို့ မတ်လ(၁၈)ရက် BBC နဲ့ CNN သတင်းများအရသိရပါတယ်။

မတ်လ(၁၆)ရက်နေ့မနက်ကဘရွတ်ကလင်းမှာရှိတဲ့နေအိမ်ခြံဝင်းအတွင်းမှာရပ်ထားတဲ့သူ့ကားပေါ်ကနေခိုးယူခံလိုက်ရတာလို့
နယူးယော့ခ်ထိပ်တန်းရဲအရာရှိ(၂)ဦးပြောကြားချက်အရသိရပါတယ်။အဲဒီlaptop ထဲမှာ ထရမ့်တာဝါအဆောက်အအုံပုံပါရှိကာအရေးပေါ်ထွက်ပြေးလွတ်မြောက်နိုင်မယ့်စနစ်တွေထည့်ထားပြီး အဆင့်မြင့်ဝှက်စာနဲ့ရေးထည့်ထားလို့ခြေရာခံလို့မရနိုင်သလို၊အဝေးတစ်နေရာကနေလှမ်းဖျက်ပစ်လို့လည်းမရနိုင်ဘူးလို့အဲ့ဒီအရာရှိတွေကပြောပါတယ်။ယခုဖြစ်ရပ်ဟာအမျိုးသားလုံခြုံရေးကိစ္စဖြစ်တယ်လို့ laptop အခိုးခံလိုက်ရတဲ့ ထောက်လှမ်းရေးကပြောဆိုလိုက်ပါတယ်။

laptop အပြင်ဟီလာရီကလင်တန်၊ဒေါ်နယ်ထရမ့်၊ ပုပ်ရဟန်း
မင်းကြီးနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံတို့အတွက်အသုံးပြုတဲ့ သူတို့ရဲ့လုံခြုံရေးသတင်းအချက်အလက်တွေကိုဖမ်းယူရရှိနိုင်တဲ့ထောက်လှမ်းရေး lapel assignment pin(လက်ပဲလ်အဆိုင်းမင့်ပင်) ပင်တွေပါအခိုးခံလိုက်ရတယ်လို့သိရပါတယ်။

နေအိမ်ခြံဝင်းအတွင်းမှာကားရပ်ထားစဉ်ကားပေါ်ကကျောပိုးအိတ်ထဲမှာထည့်ထားတဲ့ laptop နဲ့ pin တွေအခိုးခံ လိုက်ရတာပါ။ Secret Service ထောက်လှမ်းရေးပြောဆိုခွင့်ရအမျိုးသမီး Cathy Milhoan(ကေသီမီလ်ဟိုအန်) က Laptop အခိုးခံရတဲ့ကိစ္စကိုအတည်ပြုခဲ့ပြီး ဒါကိုစုံစမ်းဖော်ထုတ်လျှက်ရှိတယ်လို့သိရပါတယ်။

ထောက်လှမ်းရေး လုပ်ငန်းသုံး laptop တွေမှာ hard disk တစ်ခုလုံးကိုဝှက်စာထည့်သွင်းထားပြီး security layer ပေါင်းများစွာပါဝင်လို့ လုံခြုံရေးသတင်းအချက်အလက်တစ်စုံတစ်ရာဖွင့်ဖောက်လို့ရမှာမဟုတ်ဘူးလို့ Milhoan(မီလ်ဟိုအန်) ကထုတ်ပြန်ပြောကြားသွားကြောင်း မတ်လ(၁၈)ရက် CNN နဲ့ BBC သတင်းတွေမှာဖော်ပြသွား
ပါတယ်။

Central News Bureau

No comments:

Post a Comment