Latest News

Monday, March 20, 2017

ချွဲဆွန်စီးရဲ့ သမီးကို တောင်ကိုရီးယားပြန်ပို့ဖို့ ဒိန်းမတ် စီစဉ်

ချွဲဆွန်စီးရဲ့ သမီးကို တောင်ကိုရီးယားပြန်ပို့ဖို့ ဒိန်းမတ် စီစဉ်

ချွန်ဟာ ဒိန်းမတ်တရားရုံးရဲ့ဆုံးဖြတ်ချက်ကို အယူခံဖို့ သုံးရက်အချိန်ရမှာ ဖြစ်ပါတယ်။

မတ် ၁၇ - တောင်ကိုရီးယားသမ္မတကို ဒုက္ခပေးခဲ့တဲ့ အဂတိလိုက်စားမှုအရှုပ် တော်ပုံရဲ့အဓိကတရားခံဖြစ်တဲ့ ချွဲဆွန်စီးရဲ့သမီးကို တောင်ကိုရီးယားအစိုးရလက် ကို လွှဲပြောင်းပေးသွားဖို့ ဆုံးဖြတ်လိုက်ပြီ လို့ ဒိန်းမတ်ရဲ့တရားစွဲဆိုရေးအာဏာပိုင် အဖွဲ့က သောကြာနေ့က ပြောကြားခဲ့ပါ တယ်။

အသက် ၂၀  အရွယ် ချွန်ယိုးရာဟာ ဗီဇာသက်တမ်းကုန်ဆုံးနေလျက်နဲ့ ဒိန်းမတ် မှာ ဆက်လက်နေထိုင်နေတာကြောင့် ဇန် နဝါရီလ ၁ ရက်က ဖမ်းဆီးထိန်းသိမ်းခံ ထားရတာဖြစ်ပါတယ်။ တောင်ကိုရီးယား အာဏာပိုင်တွေကလည်း သူ့ကို ဖမ်းဝရမ်းထုတ်ထားပါတယ်။ ဆိုးလ်အစိုးရက သူ့ကို ဒိန်းမတ်ကနေ လွှဲပြောင်းယူဖို့ ကြိုး ပမ်းခဲ့ပါတယ်။

အမှားတစ်စုံတစ်ရာကျူးလွန်ထားတာမရှိဘူးလို့ ငြင်းဆိုနေတဲ့ ချွန်ဟာ ဒိန်းမတ်တရားရုံးရဲ့ဆုံးဖြတ်ချက်ကို အယူခံဖို့ သုံးရက်အချိန်ရမှာဖြစ်ပါတယ်။

မြင်းစီးကျွမ်းကျင်တဲ့ချွန်က သူ  အားကစားပြိုင်ပွဲမှာ ပါဝင်ဖို့ရှိတာကြောင့် သူ့ကို သည်နိုင်ငံမှာ ဆက်နေထိုင်ခွင့်ပြုဖို့ ရဲ တပ်ဖွဲ့ကို ပြောကြားခဲ့ပါတယ်။

သူဟာ အရင်က ဒိန်းမတ်မှာ မြင်းတွေဝယ်ယူပြီး ထိန်းကျောင်းခဲ့ဖူးတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ဖူးပါ တယ်။

ချွန်ကို ဆိုးလ်ရှိအဆင့်မြင့်တက္ကသိုလ် တစ်ခုမှာ တက်ရောက်ခွင့်ရရှိစေဖို့အတွက် မိခင်က အရှိန်အဝါသုံးခဲ့တယ်ဆိုပြီးလည်း ချွန်ဆွန်စီး စွပ်စွဲခံထားရပါတယ်။

ဧဝဟာ အမျိုးသမီးတက္ကသိုလ်က ကျောင်းအုပ်ဟောင်းအပါအဝင် ပါမောက္ခ တော်တော်များများဟာလည်း ချွန်ကို ဦးစားပေးဆက်ဆံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ဆေးခံနေရပါတယ်။

မအေးသီမွန်
[ref: AFP, Mar 17, 2017.]
Kumudra

No comments:

Post a Comment