Latest News

Monday, March 6, 2017

Paris Fashion Week ပွဲတွင် Nicki Minaj ရင်သားတစ်ဖက် လှစ်ဟဖော်ပြ

Paris Fashion Week ပွဲတွင် Nicki Minaj ရင်သားတစ်ဖက် လှစ်ဟဖော်ပြ

ပြီးခဲ့တဲ့အပတ်က Remy Ma ဟာ ၇မိနစ်စာရှိတဲ့ "SHETHER" သီချင်း ဖြန့်ချိလိုက်တဲ့အခါ အင်တာနက်တစ်ခုလုံးကို ရုတ်ရုတ်သဲသဲဖြစ်စေခဲ့ပါတယ်။ အဲဒီနောက် သိပ်မကြာခင်မှာပဲ Nicki Minaj ဟာ စနေနေ့ Paris Fashion Week ပွဲအတွက် တခြားသူဖက်ရှင်တွေနဲ့မတူညီတဲ့ ဖက်ရှင်မျိုးရွေးချယ်ပြီး သူမကိုယ်သူမ တမူထူးခြားစေခဲ့ပါတယ်။ Haider Ackermann ရဲ့ အဝတ်အစားအသစ်အဆန်းပြပွဲမှာ ရှေ့ဆုံးတန်းအလယ်ခုံလောက်မှာ တက်ထိုင်ကာ သူမရဲ့ ရင်သားတစ်ဖက်ကို လှစ်ဟဖော်ပြရင်း အားလုံးကိုတွေးထင်အံ့အားသင့်စေခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ် Minaj ဟာ လေးထောင့်ပုံစံ တိတ်လေးတစ်ခုဖြင့် နို့သီးခေါင်းကပ်ထားတဲ့ သူမဘယ်ဘက်ရင်သားကို မြင်သာအောင် လုံးလုံးလှစ်ဟဖော်ပြခဲ့တာဖြစ်ပါတယ်။ လူမြင်ကွင်းမှာ သူမကိုယ်သူမ အဖုံးအအုပ် အကာအကွယ်မဲ့ထားတာ ဒါ ပထမဆုံးအတွေ့အကြုံမတော့ မဟုတ်ပါဘူး။

မဖွယ်မရာပြင်ဆင်ဝတ်စားတတ်တဲ့ ရက်(ပ်)ပါ Nicki က အဝတ်အစားအပြင် သူမရဲ့ ပွင့်လင်းတဲ့ သီချင်းစာသားတွေကြောင့်လည်း လူသိများသူဖြစ်ပါတယ်။ သိပ်မကြာသေးမီကလည်း သူမဟာ ဖလော်ရီဒါ မိုင်ယာမီကမ်းခြေမှာ မြူးဇစ်ဗီဒီယိုသစ်တစ်ခု ရိုက်ကူးနေစဉ် အ၀တ်အစားကို ဝတ်တယ်ဆိုရုံလေးသာ ဆင်မြန်းခဲ့ပါသေးတယ်။

Ref: Mirror/Hiphopdx
Trend Myanmar

No comments:

Post a Comment