Latest News

Thursday, March 30, 2017

NCA လက်မှတ်ထိုးဖို့ ဆုံးဖြတ်ချက် မရှိသေးဟု နိုင်ဟံသာ ပြောကြား

NCA လက်မှတ်ထိုးဖို့  ဆုံးဖြတ်ချက် မရှိသေးဟု  နိုင်ဟံသာြေေပြောကြ
ား

        ပြီးခဲ့တဲ့ နာရီပိုင်းက  နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး UNFC ဒုတိယ-ဥက္ကဋ္ဌ နိုင်ဟံသာကို   RFA က ဆက်သွယ်မေးမြန့်းတဲ့အခါ UNFC အနေနဲ့ ဒီကိစ္စ      အတွက် ဆုံးဖြတ်ချက် တိတိကျကျ ချမှတ်ထားတာ မရှိသေးဘူးလို့ ပြောပါတယ်။

     NCA စာချုပ်မှာ လက်မှတ်ရေးထိုးဖို့အတွက် UNFC က ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နဲ့ အစိုးရ   ငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် UNFC ရဲ့ အဆိုပြု   ချက် ၉ ချက်ကို မူအရ သဘောတူထားတာ ရှိပေမယ့် UNFC အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင်အားလုံး နဲ့ ညှိနှိုင်းတိုင်ပင်ပြီးမှသာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ နိုင်ဟံသာက ပြောပါတယ်။  

  တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ငါးဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နဲ့ ဝ,အမျိုးသားအဖွဲ့ချုပ် (WNO) တို့ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးတော့မယ်လို့ မတ်လ ၃ဝ ရက် ညနေပိုင်းမှာ ပြောကြားလာကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက စောစောပိုင်းက သတင်းထုတ်ပြန် ပါတယ်။

  အစိုးရတာဝန်ယူမှု တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် နိုင်ငံတော်  အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့မိန့်ခွန်းကို ရုပ်မြင်သံကြားကတဆင့် ထုတ်လွှင့်ခဲ့ပြီးနောက်မှာမှ ဒီသတင်းရရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က ဖြည့်စွက်သတင်းစကားအဖြစ် တယ်လီဖုန်းက ပေးပို့ခဲ့တာလို့ ဆိုပါတယ်။RFA

No comments:

Post a Comment