တူမောင်သန်းထေးသို့ပေးစာ - ၂
သို့
တူမောင်
ဘကြီး စာရေးလိုက်တယ်
အကြောင်းက ကြားဖြတ်ရွေးကောက်ပွဲလည်း နီးပြီဆိုတော့ တူမောင်တယောက် သွေးပျက်နေမလားဆိုပြီး စိတ်ပူလို့ အားပေးတဲ့အနေနဲ့ ရေးလိုက်ရခြင်းပါ
တနေ့က တူမောင်က ကုလားနဲ့ ပေါက်ဖော်ကြီးလည်း မကြောက်ရအောင် လုပ်ပေးခဲ့တာ ပြည်ခိုင်ဖြိုးပဲလို့ ပြောလိုက်တာကို ဘကြီးအားရသကွယ်
ဒါအမှန်တရားပဲလေကွယ်
ဒီလိုစကားမျိုးကို ဘယ်ပါတီရဲရဲဝံ့ဝံ့ပြောရဲသလဲ
ဟိုတချိန်က ငါ့တူရဲ့နောင်တော်ကြီးဦအောင်မင်းက တရုတ်လည်းကြောက်ရပါတယ်လို့ ပြောတဲ့စကားကို အခုငါ့တူက မကြောက်အောင်လုပ်ခဲ့တယ်လို့ ပြောလိုက်တော့ အဲဒီတယောက် ငပေါဖြစ်သွားတာပေါ့ကွယ်
ဖြစ်ပါစေကွယ်
သူ့ဟာသူဖြစ်တာ ငါ့တူမဖြစ်ဖို့အရေးကြီးတယ်
အခါတိုင်းလည်း ဒီလိုပဲ တယောက်ကိုယ်တယောက် ချနင်းနေကျပဲလေကွယ်
အဲဒီထက်ပိုအရေးကြီးတာက ငါ့တူရဲ့ ဘယ်မျက်နှာမှမထောက်ပဲ ပြောချင်ရာပြောတတ်တဲ့အကျင့်တခု ပျောက်သွားမှာကိုပဲ..
အဲဒီအကျင့်ပျောက်လို့တော့ မဖြစ်ဘူးကွယ့်
ပျောက်တာနဲ့ ပြောသမျှ ယုံတတ်တဲ့သူတွေပါ ဟိုဘက်ပါသွားမှဖြင့် ငါ့တူတို့ပဲ ဒုက္ခရောက်ကြမှာလေ
အဲဒီတရုတ်ကြောက်ရတယ်ဆိုတဲ့ တယောက်က အတော်အသုံးမကျလို့သာ အဲဒီစကားပြောထွက်တာပါကွယ်
နဲနဲလေး စဉ်းစားရင်ကို အဲဒီစကားပြောလို့မဖြစ်ဘူးဆိုတာ သိသင့်တယ်
တရုတ်ကို ဘာကြောက်စရာလိုလဲကွယ်
သူတို့တောင်းဆိုတာလေး ပေးလိုက်ရင် ပြီးတဲ့ကိစ္စကိုများ အဆန်းလုပ်လို့ကွယ်
ဟော ..
ငါတူမတိုင်ခင် ကျုပ်တူမောင်ကြီးလက်ထက်ကဆိုရင် တရုတ်ဘာလိုလဲ...
အကုန်လုပ်ပေးတယ်
မြစ်ဆုံကို လိုချင်လား ... ပေးတယ်
ရခိုင်ကဓာတ်ငွေ့ကို တရုတ်ကို တိုက်ရိုက်ပို့ချင်သလား.. ပေးတယ်
ကျောက်စိမ်းတူးချင်သလား.. ပေးတယ်
ကချင်ပြည်နယ်က မြေသယ်ချင်သလား.. ပေးတယ်
သစ်တောတွေထဲ သစ်ခုတ်ချင်လား.. ပေးတယ်
လက်ပန်တောင်းတောင် လိုချင်သလား.. ပေးတယ်
အိမ်ဖော် အလုပ်သမားလိုချင်လား.. ပေးတယ်
မုန်းဝန်းတရုတ်တွေ ဗမာတိုင်းရင်းသား ဖြစ်ချင်သလား.. ပေးတယ်
ရှမ်းပြည်နယ်စပ်က ဂိတ်တွေ ကုန်သွယ်ခွင့်လိုချင်လား.. ပေးတယ်
ဘာမဆို အကုန်ပေးလိုက်တော့ အဲဒီတရုတ် ဘာသောက်သံထွက်ရဲသေးလဲ
မထွက်ရဲဘူးလေ
ဘယ်ထွက်ရဲမလဲကွယ်
အကုန်ခွံ့ထားတာကိုး
ဒီလောက်ပေးထားတာတောင် ဒီတရုတ်တွေစောဒကတက်ချင်သေးရင် သူတို့ကို အာဏာအပ်ရုံပဲ ရှိတော့တယ်လေ
ဟုတ်တယ်မို့လား.. အဲသလောက် မီးသေခဲ့တယ်
ဒါပဲလေကွယ်
တရုတ်ဆိုတာကို တူမောင်ကြီးတို့လက်ထက်ကတည်းက ငယ်နိုင်သဘောမျိုး ပေးကျွေးလာတာ
ဘာကြောက်စရာရှိတာမှတ်လို့
ဒီကြားထဲ သူတို့တရုတ်တွေက သစ်ခိုးခုတ်တာကို အထှာမနပ်တော့ အဖမ်းခံရရော
ဒါကိုလည်း တူမောင်ကြီးက နပ်တယ်
အကုန်ဖမ်းပြီး ထောင်ဒဏ်တသက်တကျွန်း ချပလိုက်တယ်
ပြည်သူတွေလည်း ကျေနပ်သွားတယ်
ရှစ်ရက်ပြည့်တော့ ဒီကောင်တွေမှတ်လောက်သားလောက်ရှိပြီမို့ အဲယားကွန်းကားနဲ့သယ်ပြီး သွားပြန်ပို့ပေးလိုက်တယ်
ပြတ်ကရောပဲ
အဲသလောက်ပြတ်တာ..
ကိုယ့်မြန်မာ့မြေပေါ်မှာ ကြာကြာမထားဘူးဆိုတဲ့သဘောပေါ့ကွယ်
ဒီတရုတ်တွေက လူလည်တွေကွယ့်
သူတို့က မြန်မာပြည်ထောင်ထဲကိုပါ နယ်ဝင်ချဲ့တာ
အဲဒီကို တူမောင်ကြီးက သိလို့ (National Security) အမျိုးသားလုံခြုံရေးအရ ထောင်ထဲမှာ ကြာကြာမထားတာ
ဒါကို တချို့ပြည်သူတွေက သဘောမပေါက်ဘူး
ရှစ်ရက်နဲ့ ပြန်လွှတ်ရမလားဆိုပြီး တူမောင်ကြီးတို့ကို အပြစ်တင်တယ်
ငှက်မသိတော့ ဇရက်ကို ချိုး(ဂျိုး)ထင်
အချက်မသိတော့ သမက်ကို သူခိုးထင် ဆိုသလိုပေါ့ကွယ်
ဖြစ်တတ်ပါတယ်ကွယ်
စေတနာဆိုတာ လူတိုင်းနဲ့မတန်ဘူးကွယ့်
ပြောရတာ တခါတလေ လက်ပေါက်ကပ်တယ်
တူမောင်ကြီးတို့လက်ထက်ကတည်းက တရုတ်ဆိုတာ ကိုယ့်မြန်မာနိုင်ငံက သယံဇာတတွေကို မှီခိုနေကြရရှာတဲ့ သနားစရာ နိုင်ငံငယ်လေးတခုပါကွယ်
ကိုယ်တွေ ပေးမှ၊ ခွင့်ပြုမှ အသက်ဆက်ကြရတဲ့ တရုတ်တွေကို ဘာကြောက်စရာ လိုလို့လဲ
ဟုတ်တယ်မို့လားကွယ်
ဒါတွေကို ပြည်သူတွေ မသိဘူးကွယ့်
အတော် ဗဟုသုတနည်းကြတာကိုးကွယ့်
ကုလားဆိုလည်း ဘာမှကြောက်နေစရာမလိုဘူး
၂၀၁၀၊ ၂၀၁၂ ရွေးကောက်ပွဲနားနီးတုန်းက ဝှိုက်ကဒ်တွေ ဗုန်းဘောလအောထုတ်ပေးပြီး မဲပေးခွင့်ပါပြုလိုက်တယ်
အေးရော.. ဘယ်ကုလား အသံထွက်သေးလဲ
ပြည်ထဲရေးလက်အောက်ခံ လဝက ကလည်း မှတ်ပုံတင်တခုကို သိန်းဂဏန်းနဲ့ သောက်သောက်လဲ လုပ်ပေးလိုက်တယ်
ပြီးတာနဲ့ စင်ပေါ်တက်အော်ကြတယ်
မြေမျို၍ လူမျိုးမပြုတ်
လူမြိုမှ လူမျိုးပြုတ်မယ် လို့...
ဒီကြားထဲမှာ တပ်ကအရာရှိတချို့တွေကလည်း တဖက်တလှမ်းကနေ စစ်ကားတွေနဲ့ ရသလောက်သယ်ပြီး ရန်ကုန်အထိသယ်ပေးကြသေးတယ်
ဒီလောက် လိုလေသေးမရှိ ဝန်ဆောင်မှုပေးနေတာကို ဒီကုလားတွေက ဘာသောက်သံထွက်ချင်သေးတာလဲ
အဲဒီခေတ်တုန်းကဆိုရင် အခုလို ကုလအားပေးအစိုးရလို့ ဘယ်သူပြောရဲလဲ
အခု ကုလားအားပေးလို့အော်နေတဲ့ ဦးဝီရသူတို့ မျိုးချစ်တွေတို့တောင် ကျုပ်တူမောင်ကြီးအစိုးရကို အပြစ်တင်ဖို့မပြောနဲ့ အီးတောင်လှည့်မပေါက်ရဲကြဘူး
အဲသလောက် လုပ်ပေးထားတာဆိုတော့ ဘယ်ကုလားမှလည်း ကြောက်စရာမလိုဘူးလေကွယ်
ကိုင်း..
ဘယ်လောက်တောင် ပိုင်ခဲ့သလဲ
အခုလည်း ငါ့တူက ပေါက်ဖော်တွေ၊ ကုလားတွေ ကြောက်စရာမလိုအောင်လုပ်ပေးမယ်ဆိုတော့ ဘကြီးကတော့ သဘောပေါက်တယ်
တရုတ်တွေကလည်း သဘောပေါက်တယ်
ကုလားတွေကလည်း သဘောပေါက်ကြတယ်
ဥပဒေကို လိုသလိုအသုံးချပြီး မျက်ကွယ်ပြုနိုင်တာဆိုလို့ ငါ့တူတို့ ပြည်ခိုင်းဖြိုးပဲရှိတယ်ဆိုတာ သူတို့တွေသိကြတယ်
အဲဒါကြောင့် သူတို့လည်း ပြည်ခိုင်းဖြိုးကို အားပေးကြတယ်
အရင်အခြေအနေတွေကို ပြန်လိုချင်တဲ့ တချို့လူတွေကလည်း ငါ့တူတို့စကားကို သဘောကျကြတယ်
နောက်ပြီး ခိုးလို့ရတာကလည်း ငါတူတို့လက်ထက်ပဲရှိတာဆိုတော့ သူခိုးကြီးတွေကလည်း ငါ့တူတို့ကို မျှော်နေကြတယ်
ဌာနတိုင်းက သူခိုးအကြီး၊ အလတ်၊ အသေး၊ အောက်ဆွဲတွေကလည်း အရင်လိုခိုးခွင့်ရရေး၊ အနေအစားချောင်ရေးအတွက် သူတို့နဲ့အပြိုင်ခိုးမယ့် ပြည်ခိုင်းဖြိုးအစိုးရကို အလိုရှိနေကြတယ်
ဒီလိုအခြေအနေတွေရှိနေရဲ့သားနဲ့တော့ ငါတူတို့ ပြည်ခိုင်းဖြိုးအနေနဲ့ ရှုံးစရာမရှိပါဘူးကွယ်
သူခိုး၊ လူလိမ်နဲ့ အခွင့်အရေးသမားတွေ၊
အာဏာရှင်တဲ့ပေါင်းစားတတ်တဲ့ ခရိုနီပေါက်စလုပ်ငန်းရှင်လေးတွေ၊
ကိုယ့်စားပေါက်ချောင်ဖို့အရေးပဲသိပြီး တိုင်းပြည်ရှေ့ရေးမစဉ်းစားတဲ့သူတွေ ရှိနေသ၍ ငါ့တူတို့ပါတီက ဝက်ဝက်ကွဲကို နိုင်ပါလိမ့်မယ်
အခြေအနေနဲ့ အချိန်အခါကို သဘောမပေါက်တဲ့ ငတုံးတွေရှိနေသ၍ ပြည်ခိုင်းဖြိုးရှင်သန်နေစေရမယ်ဟေ့
အားမငယ်ပါနဲ့ တူမောင်ရေ
ငါ့တူကို စိတ်ချမ်းသာစေချင်တဲ့ တောကဘကြီး
YaeTayZa@တောကဘကြီး
Thursday, March 30, 2017
တူမောင်သန်းထေးသို့ပေးစာ - ၂
Reviewed by Ar Ti
on
12:37 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment